"ဟယ်လိုဟုတ်ကဲ့ ကျွန်မနန်းခိုင်ယဉ်ပါရှင့်"
"ဟုတ်ကဲ့အစ်မ ဝမ်းသာစရာပါဘဲရှင့် ၆လပိုင်းတုန်းကအစ်မညီမတို့ရွှေဆိုင် ...က လက်ကောက်ကလေး လာဝယ်ထားသေးလားရှင့်"
နန်းခိုင်ယဉ် ချက်ချင်းပြန်မဖြေ။တစ်ချက်စဉ်းစားလိုက်ပြီးမှ သတိရကာ
"ဟုတ် ဟုတ်ကဲ့ မန္တလေးကို၆လပိုင်းးတုန်းကဆင်းလာခဲ့တာ အဲ့တုန်းကဝယ်ခဲ့ပါတယ်ရှင့် ကူပွန်တစ်ဆောင်တောင်ရခဲ့သေးတယ်ရှင့်"
"ဟုတ်ကဲ့ အဲဒါအခု အစ်မကူပွန်ကံစမ်းမဲလက်မှတ် ၆၀၀ဆိုတဲ့နံပါတ်ကလေးက အခေါက်ရွှေလက်စွပ်ကလေးတစ်ကွင်းပေါက်လို့ပါ ဆိုင်ကိုကူပွန်လေးပြပြီးလာရောက်ထုတ်လို့ရပါတယ်"
"ဟယ် ဟုတ်လား"
"ဟုတ် ဟုတ်ပါတယ် အစ်မတို့ဆိုင်မှာလာပြီး ပစ္စည်းလေးလက်ခံယူပေးပါနော်"
"ဟုတ် ဟုတ်"
သူမ၏ မျက်နှာတွင် အပျော်တွေထင်းနေပေသည်။ ဖုန်းချပြီးသည်နှင့် ဆိုင်ထဲက ဝန်ထမ်းတွေအား အားရပါးရအော်ပြောပြလိုက်မိတာဘဲ။
"ဟေ့ ကလေးတို့ရေ အစ်မရွှေလက်စွပ်မဲပေါက်တယ်သိလား"
"ဟုတ်လား အစ်မပျော်စရာပေါ့"
"မုန့်ဝယ်ကျွေးရမယ်နော် မမနန်းခိုင်"
သူမသည် ယပ်တောက်တဖြတ်ဖြတ်နှင့် ဝန်ထမ်းတွေနားလျှောက်လာကာ
"ကြိုက်တဲ့မုန့်ပြော မမဝယ်ကျွေးမယ် ဒါနဲ့နေပါအုံး ထယ်ထယ်ရော သူ့ပြောရအုံးမယ်အမိုးရော ဘယ်သွားလဲ မတွေ့ဘူးရော"
"စောဏက အစ်မအမိုးနဲ့ထယ်ထယ် ဈေးထဲထွက်သွားတယ်အစ်မ"
"ဪ အေးအေး"
သူမ မျက်နှာသည် အသားဖြူရသည့်အထဲ အခုလို ပျော်နေတော့ဝင်းပကြည်လင်နေသည်။ဒီနေ့မှ သနပ်ခါးမကွက်ဘဲ မိတ်ကပ်ပါးပါးလေးနဲ့ဆိုတော့ သဘာဝအသားအရေလှကြောင်းမြင်နေရလေ၏။ ဆိုင်ရှေ့ထွက်လာခဲ့လိုက်သည်။ဆိုင်ရှေ့ရောက်တော့ ကြက်သားလာပို့သည့် ကောင်လေးနှင့်တန်းတွေ့တာနှင့် ဈေးထဲလိုက်မသွားဖြစ်ပေ။
YOU ARE READING
တစ်ရွာသားနှင့်ပုဝါပါး
Fanfictionရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့က စိုင်းထယ်ထယ်ကို သွားပိုးကြရအောင်လား။