"အပြင်မှာ မိုးတွေရွာနေတယ်အမိုး သမီးဆိုင်ကို ခဏနေမှသွားတော့မယ်"
"အေးအေး ဒါနဲ့စိုင်းထယ်ရော အခုထိအောက်ဆင်းမလာသေးဘူးလား"
"မနက်က သမီးဆွမ်းထချက်တော့ သူထတယ် မျက်နှသစ်ပြီး ပြန်အိပ်တယ်တူတယ်"
အမိုးသည် သားအား ချစ်တာလွန်နေရောဆိုတာ သူမ သိပါ၏။အခုလည်း တန်းလျားပေါ် ကန်စွန်းရွက်ခြွေနေရင်း အငြိမ်ထိုင်မနေတော့ပါ။ချက်ချင်းဘဲ အပေါ်ထပ်တက်သွားရှာ၏။သူမ အမိုး၏လက်စ ကန်စွန်းရွက်စည်းအား ဆက်သင်လိုက်တော့၏။
"သား ထယ်ထယ်"
အမိုးခေါ်တာ ပြန်မထူးတာမို့ အမိုးသည် သား၏ အခန်းထဲ ဝင်လာလိုက်သည်။သားကလေးဟာ ကုတင်ပေါ်ကွေးကွေးလေး လဲနေတော့ စိတ်ကလေးပူမိသည်။သားဖြစ်သူဘေး ငုတ်တုတ်ဝင်ထိုင်ကာ နဖူးအရင်စမ်းကြည့်၏။
"ဟယ်တော် ဖျားနေတာလား"
"သား ထအုံး"
စိုင်းထယ်ထယ် မျက်လုံးကလေး ဖွင့်လာလေသည်။အမိုးအား မြင်တော့ အသာကလေးထိုင်ကာ ကုတင်ခေါင်းရင်းကျောမှီထားလိုက်၏။
"နေမကောင်းဘူးဘဲ ညကရော ဆေးသောက်ထားလား"
"ဟုတ်အမိုး သား ဖလူဇာတစ်လုံးသောက်အိပ်တာ"
စိုင်းထယ်ထယ်၏ ပါးကလေးများ ရဲတက်နေတာကြည့်ရုံနှင့် အဖျားပျင်းမှန်း အမိုးသိလေသည်။
"မရပါဘူး ဆေးခန်းသွားမှ ထ အခုလောလောဆယ် အောက်ထပ် မုန့်ဆင်းစား မိုးတိတ်ရင် ဆေးခန်းသွားမယ်"
"သား မစားချင်ဘူး အမိုး"
အမိုးသည် စိုင်းထယ်ထယ်လေး၏ လက်ကလေး ဆုပ်ကိုင်လေ၏။ပါးကလေးကိုလည်း လက်တစ်ဖက်က အသာလေးကိုင်ကာ
"စိုင်းထယ် အမိုးမင်းကြိုက်တဲ့ ကောက်ညှင်းပေါင်းလုပ်ကျွေးမယ်ဆိုရင်ရော"
စိုင်းထယ်ထယ်လေး၏ မျက်လုံးလေး လက်လာရှာ၏။ဒီကလေးက ကောက်ညှင်းပေါင်းတအားစားတာ။
"အမိုးသားလေးက လိမ္မာပါတယ် အောက်ထပ်မဆင်းချင်ရင် အပေါ်မှာဘဲနေ အမိုးလာပို့မယ်နော်"
YOU ARE READING
တစ်ရွာသားနှင့်ပုဝါပါး
أدب الهواةရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့က စိုင်းထယ်ထယ်ကို သွားပိုးကြရအောင်လား။