"မောင်မောင်"
ထယ်ထယ် ဆိုင်မှာ ရှိနေမည်အထင်နှင့် မနက်အစောကြီးထွက်လာတာ အတော်ဖြစ်သွား၏။ထယ်ထယ်လေးသည် ဆိုင်လေးထဲတွင်ထိုင်ကာ တို့ဟူးတုန်းဖြတ်ကာ ပုံဖော်နေရှာ၏။
"မောင်မောင် အစောကြီးပါ့လား"
ထယ်ထယ်၏အမိုးရှိတာ သူအခုမှ သတိထားမိပါ၏။အမိုးသည် ထယ်ထယ့်ဘေးမှာ မိန့်မိန့်ကြီးသူ့အား ကြည့်နေပါသည်။
"ကျွန်တော် ဗိုက်ဆာလို့ ရှမ်းခေါက်ဆွဲလာစားတာပါ"
"ဪ အေးအေး ထိုင်လေ"
စားပွဲထိုးကောင်လေးသည် သူထိုင်လိုက်သည့် ဝိုင်းရောက်လာလေသည်။သူ ဆန်ပြားကိုကြက်သားနှင့်မှာလိုက်ပြီး စိုင်းထယ်ထယ်လေးအား မသိမသာ ခိုးကြည့်ရသည်။ထယ်ထယ်သည် တို့ဟူးတုံးတွေဖြတ်နေရင်း သူ့အား လှမ်းကြည့်ရှာ၏။
"မောင်ဂျီမင်က အမိုးတို့ဆိုင်က လက်ရာအတော်ကြိုက်တာဘဲနော် အဝေးကြီးကိုလာစားတာဆိုတော့"
ဂျီမင်းမောင်မောင် ခေါင်းကလေးငြိမ့်၏။
"ဟုတ်ကဲ့"
"စိုင်းထယ် ဒါတွေထားခဲ့တော့ သွား သားအစ်မ ဈေးထဲ မြေပဲဆန်ပြေးဝယ်တာ မြေပဲဆန် ဖြစ်နေပြီလားဘဲ"
"ဟုတ်"
စိုင်းထယ်ထယ် ထတော့ မောင်မောင်ပါ လိုက်ထသည်။
"မောင်ပါလိုက်ခဲ့မယ်လေ"
အမိုးအား စိုင်းထယ်ထယ်တစ်ချက်လှမ်းကြည့်ရှာသည်။အမိုးက ဘာမှမပြောဘဲ ခပ်တန်းတန်းနေသည်မို့ ထယ်ထယ်ခေါင်းလေး ခါကာ
"ဟင့်အင်း မောင်မောင် ဗိုက်ဆာနေတယ်မလား"
"မောင် ကွမ်းယာထွက်ဝယ်မလို့ပါ"
ထယ်ထယ်သည် ဘာမှ ပြန်မပြောရှာပေ။ဆိုင်ထဲက အရင်ဦးအောင်ထွက်သွားရှာ၏။မောင်မောင်တစ်ယောက်လည်း ထယ်ထယ့်နောက်အမှီလိုက်၏။
"မောင့်ထယ်.."
မောင်မောင်၏ ခေါ်သံကြောင့် စိုင်းထယ်ထယ် ခြေလှမ်းကလေးရပ်ကာ မောင်မောင့်အားစောင့်၏။မောင်မောင်သည် ဘေးချင်ရပ်လိုက်သည်နှင့်လက်ကလေး ဆုပ်ကိုင်လာလေ၏။
YOU ARE READING
တစ်ရွာသားနှင့်ပုဝါပါး
Fanficရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့က စိုင်းထယ်ထယ်ကို သွားပိုးကြရအောင်လား။