အပိုင်း (၄)

10.3K 73 5
                                    

အိမ်သာခဏသွားဦးမယ်ဆိုကာထွက်သွားတဲ့ချစ်သူကိုစောင့်ရင်းသူရအိပ်ပျော်သွားတော့တယ်။ ရုတ်တရက်ပြန်နိုးလာချိန်ထိဘေးမှာချစ်သူကမရောက်သေး။ အခန်းထဲကိုလှည့်ပတ်ကြည့်လိုက်ပြီးပုဆိုးကိုပြင်ဝတ်ကာအိမ်သာဘက်ကိုထွက်လာခဲ့တယ်။ အိမ်သာကိုပဲတန်းသွားပြီးကြည့်လိုက်တော့လည်းဘယ်သူမှရှိမနေ။ 'ဟင်..အိမ်သာသွားမယ်ဆိုပြီးပျောက်သွားပါလား..ဘယ်သွားနေတာလဲဟ' သူရကနည်းနည်းစိုးရွံ့သွားကာဘေးဘီဝဲယာကိုတချက်ကြည့်လိုက်တော့ လေတိုး၍သစ်ရွက်လှုပ်သံတချို့သာလွှဲပြီးအရာအားလုံးကနေသားတကျ။ မျက်လုံးကဘေးကအဆောင်ကိုတန်းခနဲရောက်သွားတယ်။ နေ့လယ်ကတည်းကတွေ့ရတဲ့ကျောင်းစောင့်ဆိုသူက တကယ်ကိုထောင်ထောင်မောင်းမောင်းနဲ့ဂေးတွေကြွေဆင်းချင်စရာကောင်းတဲ့အဆင်မျိုး။ ပါးစပ်ကမဟုတ်ပါစေနဲ့လို့ရေရွတ်ပြီးခြေလှမ်းတွေကလေးလံစွာရွေ့လျားသွားတယ်။ ညအမှောင်ထဲမှာမီးရောင်ကမှိန်ပျပျသာလင်းနေတယ်။ ထိုမီးရောင်နဲ့နီးလာလေသူရရင်ခုန်သံကပိုမြန်လာလေ။ ပိတ်ထားတဲ့အိမ်နောက်ဖေးတံခါးကိုလက်နဲ့တွန်းလိုက်ချိန်ရုတ်တရက်အတွင်းဘက်ကပွင့်သွားတာကြောင့် 'ဟင်..အကို..ဘာကိစ္စရှိလို့လဲ' 'အော်..ဟို..ထွန်းနိုင်ပျောက်သွားလို့..အိမ်သာသွားမယ်ဆိုပြီးထွက်သွားတာခုထိပြန်မလာသေးလို့..အဲဒါ..အကို့ကိုလာနိုးမလို့' 'အော်..ဘယ်ထွက်သွားတာပါလိမ့်..အိမ်ရှေ့ဘက်ရောရောက်ပြီးပြီလား' 'ဟင်အင့်..အိမ်သာဘက်ကနေတခါတည်းတန်းလာလိုက်တာ' 'အော်..' ကိုဝင်းသိန်းက ကပိုကရိုဖြစ်နေတဲ့ပုဆိုးကိုပြင်ဝတ်လ်ိုက်ပြီး ကိုသူရနဲ့အိမ်ရှေ့ဘက်ကိုထွက်လာခဲ့တယ်။ ဆေးလိပ်ကိုခပ်ပြင်းပြင်းရှူပြီးမှုတ်ထုတ်လိုက်တဲ့ထွန်းန်ိုင်ကိုအဆောင်လှေကားမှာတွေ့လိုက်ရတော့ 'ဟော..သူကဒီမှာကိုး...ဆရာရေ...ဆရာ့သူငယ်ချင်းကဆရာပျောက်သွားလို့လိုက်ရှာနေတာတဲ့' ကိုဝင်းသိန်းအသံကြောင့်ထွန်းနိုင်ကအသံလာရာကိုကြည့်လိုက်တော့ကိုဝင်းသိန်းဘေးမှာရပ်နေတဲ့ကိုသူရကိုတွေ့လိုက်ရတယ်။ 'ဟင်..အိပ်မရလို့ဆေးလိပ်ထွက်သောက်နေတာပါ..ဒီမှာပဲတချိန်လုံးရှိနေတာ' 'မသိဘူး...အ်ိမ်သာခဏသွားမယ်ဆိုပြီးပျောက်သွားလို့..အိမ်ရှေ့မှာရှိမယ်မထင်လို့မရှာခဲ့တာ' ကိုသူရလေသံတွေကကြောက်လန့်စိုးရွံမှုတွေကင်းစင်သွားတော့ကြည်လင်နေတယ်။ ကိုဝင်းသိန်းထွက်သွားတော့ကိုသူရကထွန်းနိုင်နဖူးကိုခပ်ဖွဖွလေးနမ်းလိုက်ရင်း 'လာ..အိပ်ကြရအောင်' ဆိုကာလက်ကမ်းပေးလျက်ဆွဲထူလိုက်ပြီးအိမ်ထဲဝင်လာလိုက်ကြတယ်။

ဖွင့်ဟလိုသောဆန္ဒ (တားမြစ်မှုကိုတမ်းတလိုသောဆရာတယောက်ရဲ့ပုံပြင်များ)Where stories live. Discover now