part 1

67 2 0
                                    

မနက်ထဲက ညနေထိမို့ ပင်ပန်းနေပေမယ့် အမေ့ရဲ့ နေဝင်မှ ပြန်ခဲ့ဆိုတဲ့အမိန့်ကြောင့် သျှင်လရောင် တစ်ယောက်အလုပ်ပြီးသွားပေမယ့်လည်း လယ်ထဲတွင်နေဝင်ချိန်သာ ထိုင်စောင့်နေရတော့သည် အမေဆိုပေမယ့်အမေရင်းတော့မဟုတ် အဖေရဲ့ နောက် မိန်းမ မိထွေးသာ ဖြစ်သည် အမေဆုံးပြီးထဲက အဖေတစ်ခု သားတစ်ခု ကနေ အဖေက ကောက်ကာ ငင်ကာ နောက်အိမ်ထောင် ပြုလိုက်တော့သည် ဒါပေမယ့် လရောင်စိတ်ထဲတွင် ဘာမှမရှိပါ အဖေပျော်ဖို့သာ အဓိကမို့ မိထွေးကို အမေတစ်ယောက်လိုကြည်ကြည်ဖြူဖြူ လက်ခံခဲ့သည် သို့သော် မိထွေးက အဖေ့ရှေ့ တစ်မျိုး အဖေ့ကွယ်ရာတစ်မျိုးမို့ အဖေ့ကွယ်ရာဆိုရင်တော့ လရောင်ကြောက်ရသည် အခုလဲ နေဝင်မှပြန်ခဲ့ဆိုတဲ့ တစ်ချက်လွှတ်  အမိန့်ကြောင့် အလုပ်ပြီးပေမယ့်လည်း အိမ်မပြန်သေးဘဲ လယ်ထဲက သစ်ပင်ရိပ်တွင်သာ နေဝင်ချိန်ကိုထိုင်စောင့်နေရတော့သည်  ထိုစဥ်  ကာလသားခေါင်းဆောင် ကိုသာလှက လရောင်ကိုတွေ့တော့ အနားရောက်လာတယ်

"ဟေ့ လရောင် ဘာထိုင်လုပ်နေတာလဲ နေဝင်တော့မှာဟ ဘယ်ကောင်မလေးကိုစောင့်နေတာတုန်း"

"မဟုတ်ပါဘူး ကိုသာလှရယ် အမေက နေဝင်မှပြန်ခဲ့ဆိုလို့ နေဝင်ချိန်ကိုထိုင်စောင့်နေတာပါဗျာ"

"မင်းအမေကလဲကွာ မင်းကိုတော်တော် ရက်စက်တာဘဲ လရောင် ငါမင်းကိုညီအကိုလို ခင်လို့ပြောပြမယ် စိတ်တော့မဆိုးနဲ့ကွာ မင်းအဲအိမ်မှာမနေသင့်တော့ဘူး မင်းမိထွေးလုပ်ပုံတွေနဲ့ဆို မင်းကြာလေ လုံးပါးပါးတော့မယ် မင်းအဖေလဲမင်းကိုမကာကွယ်ပေးနိုင်ဘူးလေ ဒီလိုသာ ရေရှည်သွားနေရင် မင်းအဆင်ပြေမှာမဟုတ်ဘူး "

လရောင်လဲ ခေါင်းကိုဖွကာ လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ် ပြီးတော့မှ ကိုသာလှ ကိုပြန်ပြောလိုက်တယ်

"ကိုသာလှရယ် ကျွန်တော်က အသက်ပြည့်ပြီးသားလူတစ်ယောက်ပါ လွတ်လပ်ချင်တာပေါ့ ဒါပေမယ့်ဗျာ ကျွန်တော် ဟောဒီ အေးချမ်းသာ ရွာကိုမခွဲနိုင်ဘူး ပြီးတော့ဘယ်ကိုသွားရမှာလဲ ကိုယ့်ရွာထဲတောင် ဘယ်နေရာဘာရှိမှန်းမသိတာ ကျွန်တော်က ဘယ်ကိုသွားရမှာလဲဗျ"

ထိုတော့မှ ကိုသာလှလည်းခေါင်းတခါခါဖြင့်

"အေးကွာ မကြံတတ်အောင်ဘဲ"

ခနနေတော့ ကိုသာလှက အကြံရဟန်ဖြင့်

"ဟျောင့် လရောင် တစ်ဘက်ခါ အောင်တိုး ရွာကို ခနပြန်လာမယ် ကြားတယ် ဒီတစ်ခေါက်ဒီကောင် မြို့ကိုပြန်ရင် မင်းပါလိုက်သွားပါလား"

"အဖေနဲ့ အမေက လွှတ်ပါ့မလား"

"မလွှတ်တော့လဲ ခိုးလိုက်ပေါ့ကွာ ပြီးတော့ အောင်တိုးနဲ့ မင်းနဲ့က ငယ်ပေါင်းကြီးဖော် လည်ပင်းဖက်ပေါင်းလာတဲ့ကောင်တွေဘဲ ဒီလိုသာ ဒီရွာမှာဆက်နေလို့ကတော့ မင်းတစ်ဘဝလုံးလူညွန့်တုံးဖို့ဘဲရှိတယ်"

ထိုအခါမှလရောင် စဥ်းစားကြည့်လိုက်တယ် ကိုသာလှပြောတာလဲမှန်တာဘဲ ဘာဘဲဖြစ်ဖြစ် အဖေနဲ့အမေကိုတော့ပြောကြည့်ချင်တယ် မလွှတ်တဲ့အဆုံးတော့ ကိုသာလှ ပြောသလို ခိုးလိုက်သွားရမှာတော့မှာဘဲ ကိုသာလှနဲ့စကားကောင်းနေစဥ်မှာဘဲ နေဝင်နေပြီဖြစ်တာကြောင့် ကိုသာလှကို နှုတ်ဆက်ဖို့ပြင်ရတော့တယ်

"ကဲ ကိုသာလှရေ နောက်ပြဿနာ နောက်ရှင်း အခုလောလောဆယ် နေဝင်နေပြီမို့ ပြန်တော့မယ်ဗျာ"

"အော် အေးအေး"

ကိုသာလှလည်း လရောင်ရဲ့ ဘဝကို သနားမိသည်မှာအမှန် ရွာသားလို့သာပြောရတာ ရွာသားလို့ပင်ထင်ရက်စရာမရှိ အသားကလည်းဝင်းနေတာဘဲ မျက်နှာပေါက်ကလည်း ပြောစရာပင်မရှိ တကယ့်ဘုရားပေးတဲ့ ဆုပင် ဒါကြောင့်လဲ ရွာကမိန်းကလေးတွေက အနားမှာဝိုင်းလို့  ဒါပေမယ့်သူ့မိထွေးရဲ့ ပါးစပ်ကြောင့်တော့ ဘယ်သူမှအနားသိပ်မကပ်ရဲကြ ကိုသာလှလည်းစဥ်းစားရင်းရင်မောလာတာကြောင့် သက်ပြင်းချရင်းပင် အိမ်ပြန်ဖို့ လှည့်ထွက်ခဲ့လိုက်တော့တယ်

  ...........................................................

(ပထမဆုံးအပိုင်းလေးကို တင်ပေးလိုက်ပြီမို့ အဆင်မပြေရင်ဖြစ်ဖြစ် အဆင်ပြေရင် ဖြစ်ဖြစ် ပြောပေးကြပါဦး ဖတ်ပေးသူတိုင်းကို ကျေးဇူးတင်ပါတယ်)

    ........................................................

အချစ်ရှိရာအရပ် မျက်နှာမူလျက်Where stories live. Discover now