part 4

16 2 0
                                    

ဒိနေ့ ဒယ်ဒီ ကုမ္ပဏီမှာ ကုမ္ပဏီက လူတွေနဲ့မိတ်ဆက်ပေးပြီး လုပ်ငန်းအကြောင်းလေ့လာရမှာမို့ စောစောထလာခဲ့လိုက်တယ် မျက်နှာသစ် ရေချိုးပြီး အောက်ထပ်ဆင်းလာတော့ ဒယ်ဒီကိုထမင်းစားခန်းမှာတွေ့တာ ကြောင့် ဒယ်ဒီဆီ ခြေလှမ်းတို့ ဦးတည်လိုက်တယ်

"နိုးပြီလား သား လာ မနက်စာ စားရအောင် "

"ဟုတ်ကဲ့ ဒယ်ဒီရော နိုးတာကြာပြီလား"

"မကြာသေးပါဘူး သားရယ် ဒါနဲ့ ညကရော ကောင်းကောင်းအိပ်ပျော်ရဲ့လား"

"ဟုတ်ကဲ့"

"အိပ်ယာအပြောင်းအလဲနဲ့ဆိုတော့ သားအိပ်မပျော်မှာစိုးလို့ပါ"

"ရပါတယ် ဒယ်ဒီ အဆင်ပြေပါတယ် ကျွန်တော်အတွက်အိပ်ယာက အရေးမကြီးပါဘူး"
"အဲတာဆို ကျွန်တော်တို့သွားတော့မလား ဒယ်ဒီ"

"အေး သွားတာပေါ့ကွာ ""မဝတ်မှုံရေ ကျွန်တော်တို့ သွားတော့မယ် ခြံတံခါးကိုသေချာပိတ်ဖို့ ညီညီကိုပြောလိုက်ပါဦး"

"ဟုတ်ကဲ့ ကိုထွန်းရေ"

မှာစရာရှိတာမှာပြီး သားနဲ့အတူကုမ္ပဏီထွက်ခဲ့လိုက်တယ် ကုမ္ပဏီရောက်တော့ အကုန်လုံးကို အစည်းအဝေးခေါ်လိုက်တယ်

"အားလုံးဘဲမင်္ဂလာပါ အခုလိုအစည်း
အဝေးခေါ်ရတဲ့အကြောင်းကတော့ အသိပေးစရာလည်းရှိသလို မိတ်ဆက်ပေးစရာလည်းရှိပါတယ် "

ဒယ်ဒီက တံခွန်ကိုကြည့်လာတာမို့ အလိုက်တသိ မတ်တပ်ရပ်လိုက်တယ်

"ဒါကတော့ မကြာသေးခင်ကမှ အမေရိက ကနေပြန်လာတဲ့ ကျွန်တော်ရဲ့ တစ်ဦးတည်းသောသား တံခွန်မောင် ဘဲဖြစ်ပါတယ် ဒါကတော့ ကျွန်တော်မိတ်ဆက်ပေးစရာရှိတယ် ဆိုတာပါဘဲ အသိပေးစရာကတော့ ကျွန်တော် အခုလက်ရှိ top fame ကုမ္ပဏီကို ကျွန်တော်ရဲ့ သားကိုလွှဲပြောင်းပေးမှာဘဲ ဖြစ်ပါတယ်"

ဒယ်ဒီ ပြောနေစဥ်မှာဘဲ ရှယ်ယာရှင်တစ်ဦးကထပြောလာတယ်

"ကိုထွန်း အဲဒါဆို ဒီကုမ္ပဏီ ကကိုထွန်းသားကိုလွှဲပေး လိုက်မယ်ဆိုတော့ ကိုထွန်းကရော ဘယ်ကုမ္ပဏီကို ဦးစီးမှာလဲ ပြီးတော့ ကိုထွန်း သားကရော ဒီကုမ္ပဏီတစ်ခုလုံးကို ထိန်းသိမ်းနိုင်ပါ့မလား "

အချစ်ရှိရာအရပ် မျက်နှာမူလျက်Where stories live. Discover now