part 6

13 3 0
                                    

ဒီနေ့ အောင်တိုး ရန်ကုန်ပြန်မဲ့နေ့မို့ မနေ့က ညနေထဲက အထုပ်တွေပြင်ထားပြီးဖြစ်သည် အိမ်ကမိထွေးမသိအောင် သွားရမှာမို့ မနေ့ကထဲကအောင်တိုးနဲ့ နေမထွက်ခင်သွားဖို့တိုင်ပင်ထားသည်
ကြားထဲမှာတော့ လရောင်လုပ်နေကျအတိုင်း လုပ်စရာရှိတာကို ဟန်မပြတ်လုပ်နေလိုက်သည် ခဏနေတော့ ကြက်တွန်တဲ့အသံကိုကြားလိုက်ရတယ်
ဒီအသံကို လရောင်သိသည် ကြက်သံအစစ်မဟုတ် အောင်တိုးရဲ့ အချက်ပေးသံဖြစ်သည် လရောင်ဟန်မပြတ် အခန်းဘက်တက်ခဲ့လိုက်တယ် ပြီးတော့မှ အောင်တိုးကို ပြတင်းပေါက်နား ခေါ်လိုက်ပြီး အဝတ်ထုပ်ကို သူ့ပေါ်ပစ်ချလိုက်သည် အောင်တိုးပေါ်အဝတ်ထုပ်ပိသွားတော့ လရောင်ကို ကြိတ်ဆဲပါလေရော

*ခွေးကောင် ပစ်ချမယ်ဆိုလည်းပြောလေ ဖယ်ပေးမှာပေါ့*

"အေးပါဟ တိုးတိုးပြောပါ မင်းပြောချင်ရင်လည်းနောက်မှပြော အိမ်ထဲမှာ အမေနိုးမှ နှစ်ယောက်လုံးပြေးပေါက်မှားမယ် "

"အေးပါ သိပါတယ် မင်းလဲမြန်မြန်ဆင်းခဲ့တော့"

"အေး ခဏလေး"

လရောင်အိမ်ထဲပြန်ဝင်ပြီး ချည်ထားတဲ့ စောင်အတွဲလိုက်ကို ယူပြီး တိုင်မှာတစ်ဖက်ချည်ပြီး ပြတင်းပေါက်ကို တစ်ဖက်ချလိုက်တယ် ပြီးတော့မှ စောင်ကို ခိုပြီး အောက်ဆင်းခဲ့လိုက်တယ်

"အောင်တိုး သွားမယ်"

"အေး"

လရောင်တို့ ရွာကထွက်လာပြီး ရန်ကုန်ပြန်မဲ့ကားကိုစီးခဲ့လိုက်တယ် ကားပေါ်ရောက်တော့ အောင်တိုးက လရောင်ကို စ ပါလေရော

"ဟျောင့် လရောင် မင်းရဲ့အခုပုံကိုကြည့်ရင် ခိုးရာလိုက်လာတာနဲ့မတူဘူးလား"

"ချီး ပရမ်းပတာနဲ့ မင်းကိုယုံပြီးလိုက်လာတာ ငါ့ကိုရောင်းစားဖို့မကြံနဲ့ "

လရောင်ကလဲမခံ ပြန်ဖောက်ပေးလိုက်တယ်

"မကြံပါဘူးကွာ ဒါပေမယ့်လည်း ငါ့စကားနားမထောင်လို့ကတော့ မင်းကို ရောင်းစားပစ်မှာ"

"ဆုတောင်းလေ ငါက ကလေးလား"

"ကလေးလည်းဘယ်သူမှ မဝယ်ဘူး လူကြီးမို့လို့ စျေးပိုပေးပြီးဝယ်မှာ"

အချစ်ရှိရာအရပ် မျက်နှာမူလျက်Where stories live. Discover now