ဒီနေ့ ဖွင့်ပွဲမို့ ဧည့်သည်တွေစုံပေမယ့် တံခွန်လူတစ်ယောက်ကိုမျှော်နေမိတယ်
တစ်နေ့ကသူ့ရဲ့လုပ်ရက်ကြောင့် ကောင်လေးရှက်နေမှာစိုးလို့ ဘုန်းမြတ်မာန်ကိုဘဲ အကူအညီတောင်းပြီး ကောင်လေးကိုပွဲလာဖို့ခေါ်ခိုင်းရတော့တယ် အဲနေ့က ကိုယ်တိုင်တောင်မဖိတ်လိုက်ရဘူး ခဏနေတော့ ဘုန်းမြတ်မာန်ပြန်လာတယ် တံခွန်ကဘယ်လိုလဲဆိုတဲ့အကြည့်နဲ့မေးလိုက်တယ်"ဘာတဲ့လဲ လိုက်မလာဘူးလား"
"ဟုတ်ကဲ့ မလိုက်ဘူးတဲ့"
တံခွန်ခေါင်းခါလိုက်တယ် သူကိုယ်တိုင်သွားခေါ်မှဖြစ်တော့မယ်နဲ့တူတယ် တံခွန်ကားပါကင်က ကားထုတ်ပြီး ဆိုင်လေးဆီဦးတည်လိုက်တယ်
--------------------------------------------------
"လရောင်ရာ လာခေါ်တဲ့လူကလာခေါ်တာကိုလိုက်သွားလိုက်ပါဟ"
"ဟ ငါကသူခေါ်တိုင်းလိုက်စရာလား အားအားယားယား မလိုက်ပါဘူး"
"မလိုက်လို့မရဘူး"
အသံကြားရာလှည့်ကြည့်လိုက်တော့ လရောင်အမြင်ကပ်ပါသောမျက်နှာကြီးကိုမြင်လိုက်ရတော့တယ်
"ခင်ဗျားက ကျွန်တော့်ကို ဘာလို့အမိန့်လာပေးနေတာလဲ"
"ငါအမိန့်မပေးရသေးဘူး အေး မင်းပြောတဲ့ အမိန့်ပေးတယ်ဆိုတာဘယ်လိုလဲငါပြမယ် မန်နေဂျာ..."
"ဟုတ်ကဲ့ ခင်ဗျ"
"မင်းတို့သူဌေးသွားခေါ် ငါခေါ်နေတယ်လို့"
"ဗျာ!"
"နားမကောင်းဘူးလား"
"အာ ကောင်းပါတယ် ခဏစောင့်ပါ"
ခဏနေတော့ စျာန်လင်းရှိန်နဲ့ သူဌေးပါလာတယ် လရောင်ကြောင်သွားတယ် ဒီလူကဘယ်လိုလူလဲ သူဌေးတောင်ပြန်အမိန့်ပေးရဲတယ်ဆိုတော့
"ဟုတ်ကဲ့ ဆရာလေး ခေါ်ခိုင်းတယ်ဆိုလို့ ဘာများဖြစ်လို့လဲဗျ"
"ဒီနေ့ကျွန်တော်သျှင်လရောင်ကိုခေါ်သွားမယ် ကျွန်တော်နဲ့ထည့်ပေးလိုက်"
"အဲ အဲဒါက...."
"ဘာဖြစ်လို့လဲ"
"ဘာမှတော့မဖြစ်ပါဘူး ဆရာလေးခေါ်ချင်သပဆိုခေါ်သွားလို့ရပါတယ်"
YOU ARE READING
အချစ်ရှိရာအရပ် မျက်နှာမူလျက်
Fanfictionသာသာကficကိုအခုမှစရေးမှာပါ တကယ်လို့အမှားတွေပါရင်လည်းကြိုတောင်းပန်ပါတယ် မှားတဲ့နေရာကိုလည်းဝင်ထောက်ပေးနိုင်ပါတယ် သာသာကဒီficကို စရေးထဲက ဝေဖန်မှု အားပေးမှုတွေကို ခံနိုင်အောင်ကြို ပြင်ဆင်ထားပါတယ် တကယ်လို့အရင်ရေးခဲ့သူ ficများနှင့်တိုက်ဆိုင်သွားခဲ့မယ်ဆိုရင်...