အမေရိက မှမြန်မာနိုင်ငံကို အပြီးပြန်
ပြန်လာမယ်ဆိုတဲ့ သားကြောင့် ဦးထွန်းမြတ်မောင် သားကိုကြိုဖို့ လေဆိပ်မှာ
စောင့်နေတာ နာရီဝက်လောက် ရှိပြီဖြစ်သည် ခနနေတော့ လေယာဥ်ဆိုက်ပြီး သားကလူအုပ်ကြားထဲမှ ထွက်လာ
တာကို တွေ့လိုက်တော့တယ် အဲဒီချိန်မှာဘဲ သားကအနားရောက်လာပြီး"နေကောင်းလား ဒယ်ဒီ"
ဦးထွန်းမြတ်မောင် ပြုံးလိုက်မိတယ် အမြဲတမ်း အနေစိမ်းခဲ့တဲ့သားက အခုတော့ စကားစပြောလာခဲ့ပေပြီ
"ကောင်းပါတယ် သားရယ် ငါ့သားတောင် ရုပ်ကတော်တော်ဖြောင့်လာတာဘဲ"
"ဟား..ဒယ်ဒီ ကတော့ သားအဖချင်းမြှောက်ပြီ"
"ကဲ သား အိမ်ရောက်မှ အေးဆေးစကားပြောကြတာပေါ့"
တံခွန် ခေါင်းညိမ့် ပြလိုက်တယ် တံခွန်နဲ့ဒယ်ဒီ ဝေးနေတာ ၅နှစ်လောက်ရှိပြီ ဒယ်ဒီနဲ့ မာမီကွဲတော့ မာမီကနောက်အိမ်ထောင်ပြုပြီး တံခွန်ပါ အမေရိကကို တစ်ခါတည်း ခေါ်သွားခဲ့တယ် ဒယ်ဒီကတော့ နောက်အိမ်ထောင်မပြုဘဲ စီးပွားရေးကိုသာ တစ်စိုက်မတ်မတ်လုပ်လာခဲ့ပြီး အခုတော့ တော်တော်အောင်မြင်နေတယ် ကြားတယ် ကားကို နာရီဝက်လောက်မောင်းပြီးတော့ သိပ်မကြာဘူး အရမ်းကို လှပသေသပ်တဲ့ တိုက်ကြီးအရှေ့ကိုရောက်လာတယ် ခြံတံခါးကိုကောင်လေးတစ်ယောက် လာဖွင့်ပေးတော့ ဒယ်ဒီက ကားကို ဆင်ဝင်အောက်ရပ်ပြီး အိမ်ထဲဝင်ခဲ့ကြေတာ့တယ်
"လာ သား ဒီအိမ်မှာတော့ ဘယ်သူမှမရှိဘူး ဒယ်ဒီရယ် ခြံစောင့်ကောင်လေးရယ် မီးဖိုချောင် တာဝန်ယူတဲ့ မဝတ်မှုံရယ် ခြံထဲမှာ ဝေယျာဝစ္စ တာဝန်ယူပေးတဲ့ ကိုအေး ရယ် အားလုံးပေါင်းမှ လေးယောက်ဘဲရှိတယ် အဲတော့ငါ့သားကိုယ့်အိမ် ကိုယ့်ယာလို သဘောထားပြီးသာနေ လိုတာရှိရင် ဒေါ်ဝတ်မှုံကိုသာပြော"
တံခွန် ခေါင်းသာ ညိမ့်ပြလိုက်တယ် နဂိုထဲက စကားအပိုအလိုမပြောတတ်တာ
မို့ ဘာစကားမှသိပ်မပြောချင်"နေပါဦး သားရဲ့ မင်းက ဒယ်ဒီဆီမှာ တစ်သက်လုံးနေမယ် ဆိုတာ တကယ်လား ဟိုမှာဘာဖြစ်လို့လဲ"
YOU ARE READING
အချစ်ရှိရာအရပ် မျက်နှာမူလျက်
Fanfictionသာသာကficကိုအခုမှစရေးမှာပါ တကယ်လို့အမှားတွေပါရင်လည်းကြိုတောင်းပန်ပါတယ် မှားတဲ့နေရာကိုလည်းဝင်ထောက်ပေးနိုင်ပါတယ် သာသာကဒီficကို စရေးထဲက ဝေဖန်မှု အားပေးမှုတွေကို ခံနိုင်အောင်ကြို ပြင်ဆင်ထားပါတယ် တကယ်လို့အရင်ရေးခဲ့သူ ficများနှင့်တိုက်ဆိုင်သွားခဲ့မယ်ဆိုရင်...