part 7

10 1 0
                                    

ဒီနေ့တော့ တံခွန် အလုပ်တွေစောစောပြီးသည်မို့ အိမ်ကို နေ့လည်လောက်ပြန်ရောက်ဖြစ်တယ် အိမ်ရောက်တော့ ဒယ်ဒီက တံခွန်ကိုတွေ့တော့ အလုပ်အကြောင်းစမေးတယ်

"သား အလုပ်ကအဆင်ပြေလား ဘာတွေလိုသေးလဲ"

"ရတယ် ဒယ်ဒီ အဆင်ပြေပါတယ် ဒီနေ့အလုပ်တွေ သိပ်မရှိလို့ စောစောအိမ်ပြန်လာတာ"

"ဟုတ်ပါပြီ ဒယ်ဒီကသားကိုယုံပြီးသားပါ"

တံခွန်ပြုံးလိုက်တယ် ပြီးမှဒယ်ဒီကို စကားဆက်ပြောတယ်

"ဒယ်ဒီ"

"အင်း ပြောလေ"

"ညနေအားလား တစ်နေရာသွားရအောင်"

"အင်း ကောင်းတာပေါ့ သွားလေ ဘယ်သွားချင်တာလဲ"

"Bar တစ်ခုခုပေါ့ ကျွန်တော် မြန်မာပြည်ပြန်ရောက်ထဲက မသောက်တာကြာပြီ"

"ဟုတ်ပြီ ညနေကျရင် သွားတာပေါ့"

တံခွန်ခေါင်းညိမ့်ပြလိုက်တယ် ဒယ်ဒီကိုနှုတ်ဆက်ပြီး အခန်းထဲဝင်ပြီး ခဏနားနေလိုက်တယ်

————————————————

ဒီနေ့တော့ လရောင်ရဲ့ ပထမဆုံးအလုပ်စလုပ်တဲ့နေ့မို့ နည်းနည်းတော့တက်ကြွနေသည်  လရောင်စားပွဲကိုသန့်ရှင်းရေးလုပ်နေတုန်း စျာန်လင်းရှိန်အနားရောက်
လာတယ်

"လရောင် ပင်ပန်းနေပြီလား"

"ရပါတယ်ဟ ဒီလောက်ကတော့ ဘာပင်ပန်းစရာရှိလို့လဲ"

"အေးပါ"

စျာန်ပြုံးပြီးထွက်သွားတော့မှ လရောင်လည်းအလုပ်ပြန်လုပ်နေလိုက်တယ် ထိုစဥ် လရောင်ရဲ့ စားပွဲဝိုင်းကို လူနှစ်ယောက်ဦးတည်လာနေတယ် တစ်ယောက်က အသက်ကြီးပြီး တစ်ယောက်က လရောင်ထက်အနည်းငယ်ဘဲကြီးမယ်လို့ထင်သည် ထိုလူနှစ်ယောက် ထိုင်ခုံမှာထိုင်မှ လရောင် အလိုက်သင့် မေးလိုက်တယ်

"လူကြီးမင်းတို့ ဘာသုံးဆောင်မလဲ မသိဘူးဗျ"

"ကောင်လေး bar လာပါတယ်ဆို အရက်သောက်မလို့ပေါ့ကွ"

"ဟုတ်ကဲ့ ဘာဆောင်ရွက်ပေးရမလဲဗျ"

"Coconut brandy တစ်လုံးပေး ပြီးတော့ မြည်းဖို့ နည်းနည်းအစုံတင်ပေးကွာ"

အချစ်ရှိရာအရပ် မျက်နှာမူလျက်Where stories live. Discover now