part 2

23 3 0
                                    

မနေ့က လယ်ထဲတွင် လုပ်စရာရှိတာလုပ်ထားပြီး၍ ဒီနေ့တော့ လရောင် လယ်ထဲဆင်းစရာမလို လယ်ထဲဆင်းစရာမလိုပေမယ့် အိမ်မှာ အမေခိုင်းထားတာတော့လုပ်စရာက တစ်ပုံကြီးပင် အရင်ဆုံး ရေခပ်ရမည် မနေ့ကလည်း လယ်ထဲကနေ အိမ်တန်းရောက်တာလဲ ဗိုက်ခေါက်ဆွဲခံလိုက်ရသည် အကြောင်းကား ရေမခပ်ထား၍ပင် ထို့ကြောင့် ဒီနေ့တော့ ရေကိုစောစောခပ်ထားရတော့တယ် ရေခပ်ပြီးတော့ ထင်းပြေးခွဲရတော့တယ် ထင်းခွဲပြီးလို့ လရောင်အလုပ်ပြီးပြီမထင်နဲ့ ထမင်းအိုးပြေးတည်ပြီး ဟင်းကိုတော့ ကြက်သားနဲ့ အာလူးရောပြီး ငါးခြောက်ရယ် ချည်ဟင်းရယ် ချက်ပြီး ငါးပိရည်ကျိုထားလိုက်သည် ရွာသားဆိုတော့လည်း ငပိရည်က မပါမဖြစ်လေ နောက်ဖေးအလုပ်ပြီးပေမယ့် အိမ်ရှေ့အလုပ် ကြမ်းတိုက်ဖို့ကျန်သေးတယ် ကြမ်းတိုက်ပြီးတော့ လရောင်ရဲ့တစ်နေ့တာ အိမ်အလုပ်ပြီးပြီမို့ ရေချိုးပြီး အဝတ်အစားလဲကာ သတင်းစာရွက် တစ်ရွက်သာ ထိုင်ဖတ်နေမိတော့သည် ထိုစဥ် အိမ်ရှေ့မှ အမေဖြစ်သူက ရွာထဲပြန်လာပြီး လရောင်ကိုတွေ့တော့  တန်းဆူပါလေရော

"အောင်မလေးဟယ် ဒင်းက သတင်းစာရွက်တစ်ရွက်နဲ့ညိမ့်နေတာ အမေပြန်လာတာကို ရေခပ်တိုက်မယ်မရှိဘူး အိမ်အလုပ်တွေရောပြီးပြီလား"

"ဟုတ်ပြီးပါပြီ အမေ အမေလာတာကို မသိလိုက်လို့ပါ ပြီးတော့သတင်းစာကအခုမှကိုင်တာပါ မောလို့ခနထိုင်နေတာပါ"

"အား!"

အမေရဲ့ လက်က ဗိုက်ခေါက်ကို အားရပါးရ ဆွဲလိမ်လိုက်တာမို့ လရောင် အော်လိုက်မိတော့သည် အဲလိုဆွဲပြီးတာတောင် လိမ်ထားတဲ့အတိုင်း လက်ကမလွှတ်သေး

"နင်က ငါ့ကိုတစ်ခွန်းမကျန် ပြန်ပြောနေတယ်ပေါ့ ဟုတ်လား အဲသတ္တိတွေ ဘယ်ကရလာတာလဲ ပြောစမ်း"

လာရောင်လဲ မျက်ရည်လေး ဝဲကာ ပြာပြာသလဲ ရှင်းပြရတော့တယ်

"မဟုတ်ပါဘူး အမေရယ် ပြန်ပြောတာမဟုတ်ပါဘူး တောင်းပန်ပါတယ် နောက်တစ်ခါမပြောတော့ပါဘူး"

ထိုအခါမှ အမေဖြစ်သူက မကျေနပ်ပုံဖြင့် မျက်စောင်းထိုးကာ ပါးစပ်ကလည်း ပြောသွားသေးသည်

အချစ်ရှိရာအရပ် မျက်နှာမူလျက်Where stories live. Discover now