part 8

12 2 0
                                    

ဒီနေ့တော့ တံခွန်အတွက်အလုပ်နည်းနည်းများသည် လုပ်စရာတွေကလည်း ပုံလို့ ခဏနေရင် meeting လည်းရှိတယ် ဒီလောက်အလုပ်များနေတာတောင် ထိုကောင်လေးအတွေးထဲခဏခဏရောက်လာသေးသည် ပထမတော့ ကောင်လေးရဲ့ မျက်နှာနဲ့ အပြုအမူလေးတွေသဘောကျပေမယ့် အခုတော့စိတ်လေးကပါဖြူစင်နေတာကြောင့်ပိုသဘောကျမိနေပြီထင်တယ်
ဒယ်ဒီနဲ့ တစ်ခေါက်သွားပြီးထဲက ကောင်လေးဆီ နှစ်ဆီပန်းသွားသွားဆက်သရတာလဲ တာဝန်တစ်ခုလိုဖြစ်လာခဲ့ပြီ ဒါပေမယ့်မအားတာကြောင့် မသွားဖြစ်တာ နှစ်ရက်ရှိပြီ ဒီနေ့လည်းသွားဖြစ်မယ်မထင်  တွေးနေတုန်း ဝန်ထမ်းကောင်လေး meeting လာပြောတာကြောင့် သွားဖို့ပြင်ရတော့သည်

"ဆရာ meetingစတော့မယ်"

"ငါ သိပြီ"

တံခွန် အစည်းအဝေး ခန်းထဲ ဝင်သွားလိုက်တယ်

"ကဲ အစည်းအဝေးစရအောင် အခုကျွန်တော်ပြောချင်တာက ကျွန်တော်တို့ကုမ္ပဏီအတွက် ဘာတွေများအစီအစဥ်ရှိလဲ ကျွန်တော်ဒီမရောက်ခင်တုန်းက ကုမ္ပဏီရဲ့ ပရောဂျက်က မစခင်မှာဘဲ အပြင်ကိုပေါက်ကြားသွားတယ်ပြောတယ် အဲဒါဘယ်သူလုပ်လဲဆိုတာလဲကျွန်တော်သိတယ်"

တံခွန်ပြောနေတုန်းဦးစိုင်းထက်နောင်က ဝင်ပြောလာတော့ တံခွန်လည်းခနဲ့သလိုပြန်ပြောလိုက်တယ်

"မောင်ရင်က ဘယ်သူထင်လို့တုန်း"

"ကျွန်တော်က အထင်နဲ့ဘယ်တော့မှမလုပ်ဘူး ဘယ်သူလဲဆိုတာပြောပြရမလား သက်သေတွေပါရှိတယ် မဟုတ်မှ ဦးစိုင်းထက်နောင်က ဘယ်သူလို့ထင်လို့လဲ"

"ဒါကတော့ အန်ကယ်လဲဘယ်သိမလဲ အန်ကယ်ကမေးကြည့်တာပါ"

"ဟက် မသေချာဘဲ မပြောဘူး ကဲပါ အလုပ်အကြောင်းပြန်ပြောရအောင် အခုကျွန်တော်ကုမ္ပဏီမှာ ယောကျာ်းလေးအသုံးအဆောင်ပစ္စည်းထုတ်ဖို့ရှိတယ် လာမယ့် တနင်္ဂလာနေ့ကျရင် ဖွင့်ပွဲလုပ်မယ် အဲဒါအသိပေးတာ ဘာပြောစရာများရှိလဲ"

"မရှိပါဘူး"

"ကောင်းပြီ အစည်းအဝေးပြီးပြီ"

__________________________________

ဒီနေ့လဲဟိုလူမလာဘူး မလာတာဘဲကောင်းတယ် ဘာတွေအရူးလာထမှန်းမသိ နှင်းဆီပန်းတစ်နေ့တစ်ပွင့်လာလာပေးနေတာ လရောင်ကို ဂေးနေတယ်ထင်လားမသိ လရောင်တွေးတုန်းရှိသေးတယ် စျာန်လင်းရှိန်အနားရောက်လာတယ်

အချစ်ရှိရာအရပ် မျက်နှာမူလျက်Where stories live. Discover now