စစ်မင်း
စစ်မင်းရဲ့နာမည်အရင်းက စစ်မင်းထည်၀ါ။အသက်က24နှစ်။မြန်မာနိုင်ငံTOP 1စီးပွားရေးကုမ္မဏီHTAL WAHကုမ္မဏီရဲ့ဆက်ခံသူ။မိဘတွေရဲ့လုပ်ငန်းကိုဦးစီးပြီးဘ၀ကိုတစ်ယောက်တည်းအေးအေးဆေးဆေးဖြတ်သန်းပြီးအချစ်ဆိုတာကိုလုံး၀ခေါင်းထဲမထည့်တဲ့လူစားမျိုး။သူကို့ဘယ်သူကမှမော်မကြည့်နိုင်အောင် ဂုဏ်ကျက်သရေနဲ့ပြည့်စုံပြီး ဘာနာမည်ပျက်မှမရှိတဲ့သူ။သူ့ကိုသူBISEXUALပါလို့၀န်ခံထားတယ်။
At company
စစ်မင်းဒီနေ့ထည်၀ါကုမ္မဏီရဲ့ရုံးခွဲတစ်ခုကိုရောက်နေတာဖြစ်တယ်။ရောက်ရောက်ချင်းမှာပဲကုမ္မဏီရှေ့ကကော်ဖီဆိုင်မှာထိုင်နေတဲ့ကောင်လေးကစစ်မင်းမြင်ကွင်းကိုနေရာယူသွားခဲ့တယ်။
"မင်းခန့်"
"ဗျာ boss"
"အဲ့ဒီအင်္ကျီအဖြူရောင်နဲ့ဘောင်းဘီအနက်ရောင်၀တ်ထားပြီးထောင့်ဆုံး၀ိုင်းမှာထိုင်နေတဲ့ကောင်လေးအကြောင်းငါ့ကိုစုံစမ်းပေး"
"ဟုတ် boss"
ဒီနေ့ကိုးအကြိုက်ဆုံး cafeဖြစ်တဲ့ White Tulip cafeကိုရောက်တာဖြစ်တယ်။ဒီဆိုင်လေးကကိုးရဲ့အမှတ်တရများစွာရှိတဲ့ဆိုင်လေးပေါ့။ကိုးရဲ့နာမည်အရင်းကနိုင်းရောင်ခြည်လင်း။အသက်က20။ကိုးမှာကမေမေပဲရှိတော့တယ်။ဖေဖေကကိုးအသက် 10နှစ်မှာနှလုံးရောဂါကြောင့်ဆုံးသွားတယ်။မေမေကကိုးအသက်ပြည့်ပြီးတဲ့အထိဘာအလုပ်မှမလုပ်ခိုင်းဘူး။ကိုးကိုစိတ်မချလို့ပါတဲ့။ကိုးရဲ့အသားကဖွေးဥနေတော့တစ်ခုခုလုပ်တာနဲ့ချက်ချင်းနီလာတော့ မေမေကအိမ်မှာတောင်ဘာမှမလုပ်ခိုင်းဘူး။ကိုးဆိုင်ထဲကနေအပြင်ကိုကြည့်ရင်း ဆိုင်ရှေ့က galaxy ကုမ္မဏီထဲကို စစ်မင်းထည်ဝါဆိုတဲ့လူကြီး ၀င်သွားတာမြင်လိုက်တယ်။ ဒီလူကြီးတကယ်ချောလိုက်တာဆိုတဲ့အတွေးတော့နည်းနည်း၀င်တာပေါ့။
"အမရေ အမ"
"အော် မောင်လေး ရှင်းတော့မှာလား"
"ဟီးး ဟုတ်ကဲ့ ထုံးစံအတိုင်း5600ပဲမလား အမ"
"ဟုတ်ပါ့ရှင်"