Episode 9♡

961 26 5
                                    

ပုဂံ၌ ဒုတိယ​နေ့

ဒုတိယ​နေ့မှာ​တော့ စိမ်းညက်ညီအစ်မ ဘုရားကိုအရင်သွားခဲ့တယ်။ဘုရားထဲ၀င်ခါနီးမှ မြူလင်းက​နေ

"​ဟေ့​ကောင် ကိုး​ကောင် သရဲ​ခြောက်ရင်ဘယ်လိုလုပ်မလဲ"

"မြူလင်းစုတ်!! ငါ​သေချာရှာပြီး​လေ့လာပြီးပြီ လာ၀င်မယ် ​မနက်ခင်း​စော​စောဘယ်သရဲမှမ​ခြောက်ဖူး"

"ကဲနင်တို့နှစ်​ကောင်ပြီးဦးမှာလား ကိုး​​ကောင် ​ပြော​တော့ ငါနား​ထောင်ချင်ပြီ"

"​ပြောမယ်"

"ဟဲ့ဟဲ့ မိ​ရှေး လုပ်ဦး ငါ​ကြောက်လာပြီ မ​ပြောရဲ​တော့ဘူး"

"နင်မ​ပြောရဲဘူးမလား ရတယ် ဟိုကဂိုက်အကိုကြီးကိုသွား​ပြောခိုင်းမယ်"

သူတို့လဲဂိုက်အကိုကြီးဆီပဲသွားလိုက်ကြတယ်။

"မင်္ဂလာပါ အကို"

"ဟုတ်ကဲ့ မင်္ဂလာပါခင်ဗျ"

"စိမ်းညက်ညီအစ်မအ​ကြောင်း​လေးနား​ထောင်ချင်လို့ပါ"

"ဟုတ်ကဲ့ ထိုင်ပါခင်ဗျ"

"စိမ်းညက်ညီအစ်မဘုရားကဟိုးအရင်ကတည်းကရှိတယ်။လူ​တွေက​ကောလဟာလ​တွေ​ကြောင့် မလာကြတာ​ပေါ့​နော်။ကျွန်​တော်ဆို​နေ့တိုင်းဒီမှာ​နေဖြစ်တယ်"

"ခဏ အစ်ကို ဒီဟာ​လေး​တွေကအစ်ကိုဆွဲထားတာလား"

"ဟုတ်တယ်ဗျ ဘယ်ဘက်ခြမ်းကအစ်မ ညာဘက်အခြမ်းက ညီမ​ပေါ့​နော်။အစ်မရဲ့မျက်လုံးကစူးရှတဲ့ ထက်မြတ်တဲ့ပုံဖြစ်ပြီး ညီမက​တော့သိမ်ငယ်တဲ့ပုံ​ပေါ့။အစ်မရဲ့နာမည်ကစိမ်းညက် ညီမရဲ့နာမည်က​တော့စိမ်းခက်၊ဒီဘုရားကိုလဲအစ်မရဲ့နာမည်ပဲယူထား​တာ​ပေါ့​နော်။ညီအစ်မနှစ်​ယောက်ကဘုရားရဲ့အုတ်တံတိုင်းကိုနှစ်ထပ်ခတ်လိုက်မိတာ​ကြောင့် ​ရေစက်မချခင်မှာပဲ ကွပ်မျက်ခံလိုက်ရတယ်။ဒီဘက်က​နေသွားလိုက်ရင် ညီမရဲ့ဘုရားပုထိုးကို​တွေ့ရမှာ​ပါ"

"ကျွန်​တော်တို့ဒီ​ရှေ့ကကြည့်မယ်ဆိုရင်​တော့ အစ်မရဲ့ဘုရားကိုပဲမြင်​တွေ့ရပြီး ညီမရဲ့ဘုရားကို​တော့လုံး၀မမြင်ရပါဘူး။ဘာလို့လဲဆို​တော့ ပါးစပ်ရာဇ၀င်​တွေအရ ညီအစ်မနှစ်​ယောက်ဘုရားတည်တဲ့အချိန် အစ်မဖြစ်သူကအလုပ်​တွေလုပ်ပြီး ဘုရားတည်ဖို့ကြိုးစား​နေ​ပေမယ့် ညီမက​နေမ​ကောင်းချင်​ယောင်​ဆောင်ပြီး အလုပ်မလုပ်ပဲ​နေခဲ့တယ်။ပြီး​တော့ အစ်မဖြစ်သူရဲ့အုတ်ချပ်​တွေကိုခိုးယူပြီး ဘုရားတည်ခဲ့​တယ်။ အစ်မဖြစ်သူရဲ့ကျိန်စာ​ကြောင့် ဒီလိုဖြစ်​နေတယ်လို့လဲ​ပြောကြပါတယ်။ပါးစပ်ရာဇ၀င်​တွေကများတာ​ကြောင့် ကျွန်​တော်တို့လဲဘယ်ဟာကိုအတည်ယူရမလဲ​​တော့မ​သေချာဘူး​ပေါ့ဗျာ"

6&9 Where stories live. Discover now