စေမင်း စံအိမ်၌
"မင်းတို့ဒါလေးတောင်မသုံးမကျဘူးလား ဟမ်!! အိမ်မှာရှိတဲ့လူကတစ်ယောက်နှစ်ယောက်လား ငါတန်ဖိုးထားတဲ့ဟာကို!!"
ပြောရင်းပင် ဘေးနားမှာရှိတဲ့ပန်းအိုးလေးမှာတစ်စိတ်စိတ်အမွှာမွှာဖြစ်သွားပြီ။ဒီနေ့ကတော့ စစ်မင်းအတွက် ပြဿဒါးနေ့ပဲ။မနက်မိုးလင်းလင်းချင်း စစ်မင်းတို့မိသားစုသုံးယောက်ရဲ့ဓါတ်ပုံကသန့်ရှင်းရေးလုပ်ရင်းကျကွဲသွားတယ်တဲ့။
"အဲ့ဒီဓါတ်ပုံကျကွဲအောင်လုပ်တဲ့သူအကုန် ဦးသိန်းဆီမှာသုံးလစာယူပြီး ထွက်သွားကြ!"
"ဟုတ်⁶"
ပြောနေရင်း တံခါးဘက်ကိုအကြည့်ရောက်သွားတော့ ချိုင့်လေးတစ်လုံးကိုင်ပြီးရပ်နေတဲ့ ကလေးလေး
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡဒီနေ့အိမ်မှာဖေဖေ့10နှစ်ပြည့်မို့ကြာဆံဟင်းချက်ထားတာမေမေက ကိုကို့ကိုသွားပေးလိုက်ပါဦးဆိုလို့ ကိုကို့ဆီထွက်လာခဲ့တယ်။ကိုကို့အိမ်လဲရောက်ရော ကိုကိုဘာကိစ္စကြောင့်လဲမသိဘူး တော်တော်လေးဒေါသထွက်ပြီး အကုန်လုံးကိုပြောဆိုနေတယ်။ကိုကိုကသူ့ကိုတွေ့သွားတော့ အနားလာပြီး
"ကိုး ကိုယ့်ဆီလာတာလား ဘာကိစ္စရှိလို့လဲ"
"......"
"ကိုး ကိုး ကလေးလေး"
"ဟင် ဟင် အာ ကိုကို"
"အင်း ဘာကိစ္စရှိလို့လဲ ကိုး"
"ဒီနေ့ဖေဖေ့10နှစ်ပြည့်မလို့ ကြာဆံဟင်းချက်တာနဲ့ကိုကို့ကိုလာပို့တာ"
"အော် ပေးပေး ကိုယ့်ကို ချိုင့် ဒီမှာထိုင်နေဦး"
"ဟုတ်"
ကိုးလဲ ထိုင်စောင့်နေတုန်း
"ကိုး ဒီကိုဘာနဲ့လာတာလဲ"
"အိမ်ကဦးနိုင်လိုက်ပို့တာ သူကပြန်သွားပြီ မေမေခိုင်းစရာရှိလို့တဲ့ တက္ကစီငှားပြန်ရမှာ"
"ဘာလို့တက္ကစီငှားနေမှာလဲ လာ ကိုယ်လိုက်ပို့ပေးမယ်"
"ဗျာ! ဟုတ်ဟုတ်"
ㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡㅡ