Time Skip>>>>>>>>>
9.9.2024
ဒီနေ့ကတော့ ကိုးရဲ့မွေးနေ့လေးဖြစ်တယ်။မွေးနေ့ဆိုပြီးထွေထွေထူးထူးအစီစဥ်မရှိပေမယ့် ဘုရားသွားပြီး ကိုကိုနဲ့လျှောက်လည်ဖို့ပဲလုပ်ထားတယ်။အခုတော့အိမ်အောက်ရောက်နေပြီထင်ပါ့။မေမေနဲ့စကားတွေပြောသံတွေကြားနေရတာ။
ဒေါက် ဒေါက်
"ကိုယ်၀င်လာမယ်နော် ကလေးလေး"
"ဟုတ်ကဲ့ ကိုကို"
စစ်မင်း၀င်သွားလိုက်တော့ မှန်တင်ခုံမှာထိုင်ပြီး ဆံပင်ဖြီးနေလေရဲ့။
"ကြည့်ပါဦးကွာ ပုဆိုးလေးနဲ့ ဘာလေးလဲမသိဘူး"
"ကိုကို့ကလေးလေး လေ"
"လာပါဦး ကိုကို့ဆီ အဲ့ကလေးလေးကိုဖက်ချင်လို့"
"လာပြီ အင့်"
အားနဲ့ဖိညစ်ပြီးဖက်ထားတော့ အသံလေးတွေထွက်လာလေရဲ့။
"ကိုကိုးး နာတယ် ဖြည်းဖြည်းဖက်"
"ဟုတ်ပါပြီကွာ ပြီးပြီဆိုသွားကြမလား"
"အွန်းအွန်း မေမေ့ကိုကန်တော့ပြီးသွားကြမယ်"
"ဟုတ်ပြီဗျာ"
အိမ်အောက်ဆင်းလာပြီး မေ့မေ့ကိုအရင်ကန်တော့ ပြီးမှဘုရားကိုသွားကြတယ်။
"ကိုကို"
"ဗျာ"
"နှင်းဆီပန်း၀ယ်ရအောင်"
"ဟုတ်ပြီဗျာ"
သူတို့လဲနှင်းဆီပန်းရောင်းတဲ့ကလေးလေးဆီကနေ၀ယ်ပြီး ကြာသပတေးထောင့်ဆီထွက်လာလိုက်တယ်။ကိုကိုကအင်္ဂါထောင့်မှာ ရေသပ္ပါယ်ပြီး ကိုးကတော့ ကြာသပတေးထောင့်မှာရေသပ္ပါယ်တယ်။အဲ့တာပြီးတော့ သူတို့မနက်စာစားတယ်။ပြီးသွားတော့ အိမ်ပဲပြန်လာလိုက်တယ်။
ကိုးအိမ်ပြန်ရောက်တော့မေမေက ကုမ္မဏီသွားပြီ။
"ကိုကို"
"ဗျာ"
"ပြန်တော့လေ"
"ဟောဗျာ အတင်းကိုနှင်နေတာပဲနော်"