မနက်ခင်းစောစောစီးစီး ကိုကို့ရင်ခွင်ထဲနိုးထရတာကောင်းလိုက်တာ။
"နိုးပြီလား ကလေးငယ် မောနင်း"
"မောနင်း ကိုကို"
"မထသေးဘူးလား"
"ထချင်ပေမယ့် အိပ်ချင်သေးတယ်"
"လာ အာ့ဆိုကိုယ်ချီသွားပေးမယ်"
"အင့်"ဆိုပြီးလက်လေးနှစ်ဖက်ကိုဆန့်ထုတ်လိုက်တယ်။ကိုယ်တော်လေးကသူ့ကိုချီပါပေါ့။
"ကဲ လာ"
မျက်နှာသစ်သွားတိုက်လုပ်ပြီး အောက်ဆင်းလာတော့အန်တီကမနက်စာပြင်နေတယ်။
"သားတို့ နိုးပြီလား လာမေမေစားဖို့ပြင်ထားတယ်"
"မောင်စစ်မင်း အန်တီအကုန်သိပြီးသွားပါပြီ နောက်လဲအိမ်ကိုဒီလိုမကြာမကြာ လာလည်နော်"
"ဟုတ်ကဲ့ဗျ လက်ခံပေးလို့လဲ ကျေးဇူးတင်ပါတယ်ဗျ"
"မေမေနဲ့ကိုကို စကားမပြောနဲ့တော့ ဗိုက်ဆာနေပြီ"
"ဟုတ်ပါပြီဗျာ"
စားခြင်းသောက်ခြင်းကိစ္စလဲပြီးရော စစ်မင်းကုမ္မဏီသွားဖို့လုပ်ရတယ်။
"အန်တီကျွန်တော်သွားပြီဗျ"
"အေးအေး အန်တီလဲသွားတော့မှာ"
"ဟိုဟာ ကိုးကို ကျွန်တော့်ကုမ္မဏီခေါ်သွားလို့ရမလားဗျ"
"ရတယ်လေ သားသားလိုက်မယ်ဆိုခေါ်သွားပါရှင် သူလဲအိမ်မှာပျင်းနေမှာ"
"ဟုတ်ကဲ့ ကျေးဇူးပါဗျ"
စစ်မင်း အပေါ်တက်ပြီးအခန်းထဲမှာရှိတဲ့ ကလေးငယ်ဆီသွားလိုက်တယ်။
"ကလေးလေး"
"ဟင် ကိုကို အလုပ်မသွားဘူးလား"
"သွားမှာလေ ကလေးကိုခေါ်သွားမလို့"
"ကိုး လိုက်လို့ရလား"
"ရတာပေါ့ဗျာ လာ သွားမယ်"
စစ်မင်းလဲ ကိုယ်တိုင်ပဲကားမောင်းပြီး သွားလိုက်တော့တယ်။
ကုမ္မဏီလဲရောက်ရော အတွင်းရေးမှုးကဧသည်ရောက်နေတယ်တဲ့။စစ်မင်းလဲဘယ်သူရောက်နေလဲမသိတာနဲ့၀င်သွားလိုက်တော့ သူ့ရဲ့တစ်၀မ်းကွဲညီမလေး မုန်းဖွဲ့နှောင်ရောက်နေတာပဲ။