အခုဆို ကိုးတို့တွဲတာတစ်လတောင်ပြည့်ပြီးပြီ။ရှေးတို့အတွဲလဲအဆင်ပြေ ကိုးတို့အတွဲလဲအဆင်ပြေ အဆင်မပြေတာကတော့မြူလင်းတို့အတွဲ ။
လွန်ခဲ့သောနှစ်ပတ်ခန့်က
"ဟယ်လို ကိုးကောင်"
"ဟာဟေ့ကောင် ငိုသံကြီးနဲ့ မင်းလင်တက်လုပ်သွားလို့လား"
"နာယိုးမ ကိုး ကိုကိုတက်လုပ်သွားရင်ငိုစရာလားဟ အခုကကိုကို့အင်္ကျီကနေ နှုတ်ခမ်းရာတွေ့လို့ကွ"
"ဟာ ဟေ့ကောင် ကိုအာဏာကအဲ့လိုလုပ်မယ့်သူလား"
"မသိဘူးကွာငါအခုအရမ်းစိတ်ညစ်နေတယ်"
"ဘာမှစိတ်ညစ်မနေနဲ့ ကိုအာဏာပြန်လာရင် ဒဲ့ရှင်းဟေ့ကောင်"
"အေး ငါအခုဖုန်းချပြီ ဒါပဲ"
"အေးပါကွာ"
နောက်ရက်လဲကြရော ဟိုကဘယ်လိုချော့လိုက်သည် မသိ ပြန်တည့်သွားကြရော။သူတို့အတွဲနဲ့ကိုကိုးလဲအေးဆေးမနေရ။ရှေးလဲအေးဆေးမနေရ။တစ်ခုခုဖြစ်ပြီဆို ငိုသံကြီးနဲ့ စိတ်ညစ်ပါတယ်ဗျာ။
"ကလေးငယ် ဘာတွေမှိုင်နေတာလဲ"
"မမှိုင်ပါဘူး ကိုကိုရာ မြူလင်းတို့အတွဲအကြောင်းစဉ်းစားနေတာရယ်"
"မစဉ်းစားနဲ့ လာကိုယ့်ပေါင်ပေါ်"
"မေမေကလဲဘယ်တော့ပြန်လာမှာလဲမသိဘူး ကိုယ့်သားလေးတစ်ယောက်ရှိတာကိုပစ်ထားသွားတယ် ဟွန်"
"အန်တီလဲစိတ်အပန်းဖြေနေတာနေမှာပေါ့ကွာ ကိုယ်နဲ့တူတူရှိနေတာကို သည်းငယ်ကဘာတွေအလိုမကျဖြစ်နေတာလဲ ဟမ်"
"အဲ့လိုလဲမဟုတ်ပါဘူး ထားလိုက်တော့ ကိုကိုပေါ်ပဲနေတော့မယ်"
"ခဏ ကိုယ်ချီသွားမယ် အိပ်ရာပေါ်သွားရအောင်"
"အွန်း အိပ်ချင်တယ်"
"အိပ်ရမှာပေါ့ဗျာ"
အိပ်ခန်းထဲရောက်တော့ လူပေါ်ကနေကိုမဆင်းဘူး။
"ခဏ သည်းငယ်"
"ဟင့်အင်းလို့ ကိုကိုနဲ့ပဲအိပ်မှာ သည်းငယ်ကကိုကိုနဲ့ပဲအိပ်ချင်တာပါဆို ဟင့်"