ကိုးဒီနေ့ပုဂံကိုလည်မှာဆိုတော့ မနက်အစောကြီးထဲကမျက်လုံးကပွင့်နေတာ။ကိုကိုကလည်းမနိုးသေးဘူးဆိုတော့ ကိုကို့ရင်ခွင်ထဲပဲ၀င်နေလိုက်တော့တယ်။အဲ့အချိန်မှာပဲ
"သည်းငယ် နိုးပြီးလား"
"နိုးပြီ ထတော့ ကိုကို"
"ထပါပြီဗျာ လာ ချီမယ် မျက်နှာသစ်ရအောင်"
"အွန်းအွန်း"
သူတို့လဲမျက်နှာသစ်ပြီး ကျန်တဲ့နှစ်တွဲဆီသွားတော့ သူတို့ကပြင်ပြီးဆင်ပြီး၀တ်ကောင်းစားလှတွေနဲ့။ရှေးဆို skirt အဖြူအရှည်လေးနဲ့ ကျန်တဲ့သူတွေကလည်း အဖြူလေးတွေနဲ့ပုဂံအင်္ကျီလေးတွေနဲ့လည်ဖို့ကိုဘယ်နှနာရီထဲကထပြင်ထားလဲပဲ။
စစ်မင်းမှစပြီး
"ကဲ လူစုံပြီဆိုသွားကြစို့"
"သွားမယ်"
သူတို့လဲsunriseကြည့်ပြီး မနက်စာတွေဘာတွေလဲစားပြီး ပထမဆုံးသွားတာတော့ အာနန္ဒာဘုရားပဲဖြစ်တယ်။ရောက်လဲရောက်ကော ကလေးလေးတွေက ရှင်းပြပေးဖို့လူလိုလားမေးတာနဲ့ သူတို့အဲ့ကလေးလေးပြောတာကိုနားထောင်လိုက်ကြတော့တယ်။
"ဒီအာနန္ဒာကိုတည်ထားကိုးကွယ်ခဲ့တာတော့ အကိုကြီးတို့အားလုံးသိပြီးသား ကျန်စစ်သားမင်းပဲဖြစ်တယ်။ဒီအာနန္နာရဲ့ဗိသုကာဒီဇိုင်းဟာ မိုးထိဟန်ဖြစ်ပြီးတော့ ပတ်လမ်းကသုံးခုရှိတယ်။ကျွန်တော်တို့ရောက်နေတာကတော့အပြင်ပတ်လမ်းပေါ့။ဒီအပြင်ပတ်လမ်းမှာထားထားတဲ့ နတ်ရုပ်ကြီးနှစ်ရုပ်က တိုင်းသူပြည်သားတွေအထဲကပတ်လမ်းတွေဆီမ၀င်အောင်တားဆီးထားတာလို့သိရတယ်။အထဲသွားရအောင်"
"ဒီအ၀င်၀ကကျွန်းတံခါးကကျွန်းပင်တစ်ပင်ထဲကလုပ်ထားပြီးတော့၁၁ရာစုထဲကရှိခဲ့တာပါတဲ့။ဒီမှာပတ်လမ်းသုံးခုရှိပြီးပထမပတ်လမ်းက ရဟန်းသံဃာတော်တွေဖို့၊ဒုတိယပတ်လမ်းကမင်းမျိုးမင်းနွယ်တွေနဲ့မှူးမတ်တွေဖို့၊တတိယပတ်လမ်း(ခေါ် )အပြင်ဆုံးပတ်လမ်းကတော့တိုင်းသူပြည်သားတွေဖို့ပဲဖြစ်ပါတယ်။အခုတော့ပတ်လမ်းအကုန်လုံးကို၀င်လို့ရပြီပေါ့။"