3ရက်မြောက်နေ့မှာတော့ ပုဂံကနေ မနက်စာစားပြီး ပြန်ခဲ့ကြတယ်။အမှတ်တရပစ္စည်းတွေလဲအများကြီး၀ယ်ခဲ့ကြတယ်။အိမ်ကသူတွေနဲ့မိတ်ဆွေတစ်ချို့ကိုပေးရအောင်။မန္တလေးကိုပြန်သည့်လမ်း၌
"ကိုကို ဟိုနားမှာ ခဏနားရအောင် အသုပ်ဆိုင်လေးထင်တယ် ချစ်စရာလေး"
"ဟုတ်ပါပြီဗျာ"
သူတို့လဲအကုန်နားကြပြီး ၀င်စားကြတယ်။အသုပ်ဆိုင်နာမည်လေးက ချစ်စရာလေး"ချစ်တယ်"တဲ့။
"ကိုကို ဘာစားမလဲ"
"ကိုယ်ကမစားတော့ဘူး မန်ကျည်းဖျော်ရည်တစ်ခွက်ပဲသောက်တော့မယ်"
"အိုခေ ကိုကို မြူလင်း ဘာစားမှာလဲ"
"ငါနဲ့ရှေးကိုကကြိုက်တာမှာလိုက်"
"အိုခေ ကိုဟန်နဲ့ကိုကုဋေကရော"
"ကိုယ်ကဇီးဖျော်ရည်"
"အကိုကစစ်မင်းနဲ့တူတူပဲ ကိုး"
"ဟုတ်ပြီ အစ်မရေ ကျွန်တော်တို့ကို ဇီးဖျော်ရည်ကလေးခွက်၊မန်ကျည်းဖျော်ရည်ကနှစ်ခွက်၊သင်္ဘောသီးသုပ်ကတစ်ပွဲ၊မြင်းခွာရွက်သုပ်ကတစ်ပွဲ၊ကျောက်ပွင့်သုပ်ကတစ်ပွဲ၊ အဲ့ဟာလေးတွေစားမယ်ဗျ"
"ဟုတ်ပြီ မောင်လေးရေ"
စားစရာတွေရောက်လာတဲ့အခါ
"ကိုကို ဒီဟာစားကောင်းတယ်စားကြည့်"
"ခွံ့ပါဦး အာ..."
"ဟေ့ကောင် စစ်မင်း စားနေတာလေးတော့ အေးဆေးစားပါရစေကွာ"
ကုဋေပြောတော့ နောက်တစ်ယောက်ကပါ...
"ဟုတ်တယ်ကွာ ကုဋေပြောသလိုပဲ"
"မင်းတို့မှာလဲရှိတာကို ငါ့ကိုလာမပြောကြနဲ့ကွာ"
"$*^#$&$$^#*%$#$"
"ကဲ!!! တော်ကြတော့ စားစရာရှိတာစားပြီး သွားမယ်"
"ဟုတ်!"
(အဲ့ဒီ"ချစ်တယ်"ဆိုင်လေးကတကယ်ရှိပါတယ်နော် အနှောင်းတို့2019 အိမ်ကကျောင်းသားတွေနဲ့သွားတုန်းက အပြန်မှာ ၀င်ခဲ့ကြတာပါ ဆိုင်လိပ်စာတော့သေချာမသိပေမယ့် ဖေဖေနဲ့မေမေတို့ရိုက်ခဲ့တဲ့ဓါတ်ပုံလေးပဲရှိပါတယ်)