ကျုံးကျန့်မင်းဆက် အုပ်စိုးသောကာလ
ထိုက်လင်ဧကရာဇ် ကြီးစိုးမင်းမူသည့် တတိယမြောက်နှစ်
ဧကရာဇ်မင်းဆက်လောင်းအသစ် ကျုံးကျန့်ယွင်လျန်အနေဖြင့် ပထမဦးဆုံး ထီးနန်းဆက်ခံရာတွင် နိုင်ငံရေးအခြေအနေမှာလည်း တိုက်ဆိုင်စွာပင် ဖရိုဖရဲနှင့် အပြိုပြို အလဲလဲဖြစ်နေခဲ့ပြီး တိုင်းပြည်တစ်ခုလုံးသည်လည်း မငြိမ်မသက်ဖြစ်ရကာ အခြားသောတိုင်းပြည်များမှလည်း ရံဖန်ရံခါ သွေးထိုးလှုံ့ဆော်နေကြသည့်အတွက် တိုင်းပြည်တစ်ခွင်လုံးတွင် အေးချမ်းဆိတ်ငြိမ်သော နေရာဟူ၍ တစ်လက်မပင် ရှိမနေတော့ချေ။
ထိုက်လင်ဧကရာဇ်မှာ ငယ်ရွယ်၍ အလားအလာကောင်းသည်၊ ရဲစွမ်းသတ္တိတို့ မြင့်မားခိုင်ခံ့လျက် ဉာဏ်ပညာထက်မြက်သည်။ ထီးနန်းဆက်ခံရသည်နှင့် လူတန်းစားအလွှာပေါင်းစုံကို ထိထိရောက်ရောက် ပြန်လည်ဖွဲ့စည်း၍ တိုင်းပြည်တွင်းရှိ ရှုပ်ထွေးမှုများကို ငြိမ်ဝပ်ပိပြားစေသည်။ တောင်ပိုင်းနယ်စပ်မှ လူရိုင်းမျိုးနွယ်စုများ ကျူးကျော်ဝင်ရောက်လာသောအခါတွင်လည်း ဉာဏ်ရည်မြင့်မား၍ ရဲရင့်ပြတ်သားသော တိုက်ရည်ခိုက်ရည်ကျွမ်းကျင်သည့် စစ်ဗိုလ်ချုပ်တစ်ဦး၏ အကူအညီကို ရရှိခဲ့သေး၏။ သူ၏သိုင်းပညာ စွမ်းရည်နှင့် ဗျူဟာမြောက်သော ကျွမ်းကျင်မှုများကြောင့် လူသိများလှသော ဤဗိုလ်ချုပ်သည် အောင်ပွဲများစွာကို အောင်မြင်ခဲ့ပြီး လူရိုင်းမျိုးနွယ်စုများကိုလည်း တစ်ဆင့်ပြီးတစ်ဆင့် နောက်ပြန်ဆုတ်စေကာ ကျုံးကျန့်နယ်စပ်ရှိ သေရေးရှင်ရေးတမျှ အခြေအနေများကို သက်သာရာရစေခဲ့သည်။
ထိုဗိုလ်ချုပ်ကြီး၏ မျိုးရိုးမှာယွဲ့ဖြစ်ပြီး အမည်မှာကား ယင်ကွေးပင်။ မင်းဆက်နှစ်ဆက်တိုင်တိုင် အမှုထမ်းဆောင်ရွက်ခဲ့ပြီး သက်တော်လေးဆယ်ပင် ယွန်းခဲ့ပြီဖြစ်သည်။ ယခင်မင်းဆက်များအတွင်း သြဇာကြီးမားသော အရာရှိများအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့် နှောင်းပိုင်း ဧကရာဇ်၏ မိုက်ရူးရဲဆန်၍ အရည်အချင်းမရှိမှုတို့ကြောင့် လုပ်ဆောင်မှုကြီးကြီးမားမား တစ်ရပ်ဟူ၍ မစိုက်ထူနိုင်ခဲ့သေးပေ။
YOU ARE READING
ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】
Historical FictionName - 进宝娶媳妇儿/一言即诺 Author - 水千丞 Chapter - 61