ထမင်းစားပြီးသည်နှင့် ကလေးမှာ ဘာကိုမှဂရုမပြုဘဲ ကုတင်ထဲခေါင်းစိုက်သွားပြီး အိပ်ပျော်သွားရှာ၏၊ အိပ်နေရင်းနှင့် ခန္ဓာကိုယ်က အလွန်လေးလံလာသည်ဟု ခံစားမိသည်၊ အရာတစ်ခုခုက သူ့အားဖိထားသည်မှာ အသက်ပင်ရှူမရတော့သည်အထိ။
အတင်းကာရော မျက်လုံးကို ဖွင့်ကြည့်လိုက်ရာမှာတော့ ဦးစွာသတိပြုမိသည်က မိမိမှာ အစိမ်းသက်သက်နှင့် ရင်းနှီးမှုမရှိပါသော အခန်းထဲရောက်နေပြီး နောက်တော့သတိထားမိသည်က မျက်စိရှေ့ရှိ မိမိနှင့် အကျွမ်းတဝင် မရှိပါသော သူစိမ်းမျက်နှာလေးတစ်ခု။
ထိုမျက်နှာလေးက ရယ်ချင့်စဖွယ်နှင့် ချစ်စဖွယ်ကောင်းသည်၊ မျက်လုံးအိမ်က ဝိုင်းစက်စွာနှင့်၊ မျက်နှာလေးသည်က ပြည့်ကစ်ဖောင်းမို့လျက်၊ အသားအရည်က နူးညံ့ဖြူကြည်၍ နီမြန်းပါသော နှုတ်ခမ်းစွေးစွေးကြောင့် နှစ်ကူးချိန် နွေဦးရာသီ နှစ်သစ်ပွဲတော်ကို ဆင်နွှဲကြချိန်၌ ပန်းချီဆေးချပ်များပေါ်ရှိ ဝဝကစ်ကစ် အရုပ်ကလေးနှင့်တူသည်။
ထိုအခိုက်တွင် ယင်းဝတုတ်လေးက သူ့ဝမ်းဗိုက်ပေါ် ခွလျက်သားနှင့် တက်ထိုင်ထားပြီး လက်ထဲတွင်က စုတ်တံတစ်ချောင်း ကိုင်ဆောင်ထားလျက် သူ့အား ပြုံးစိစိဖြင့် ကြည့်နေလေ၏။
အဲ့ဒါကြောင့်ပဲ ဒီလောက်လေးနေတာကို၊ ကလေးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်ထုတ်လိုက်ပြီး
"လေးတယ်......ခင်ဗျား ကျွန်တော့်ကိုယ်ပေါ်မှာထိုင်ပြီး ဘာလုပ်နေတာလဲ၊ လေးလိုက်တာ"
ထိုဝဝကစ်ကစ် ကလေးလေးက တဟားဟားနှင့် ရယ်သွမ်းသွေးလာသည်၊ ဝမ်အော့ဟူတစ်ယောက် ထိုရယ်သံကိုနားထောင်မှ ထိုကလေးက သူတစ်ယောက်တည်း မဟုတ်မှန်း သတိပြုမိသည်၊ သူ ခေါင်းလှည့်ကြည့်မိတော့ သူ့နံဘေးတွင် နောက်တစ်ယောက် ထပ်ရပ်နေသေးသည်ကို တွေ့လိုက်ရသည်၊ မျက်ရစ်က တစ်ထပ်နှင့် နဖူးက တောက်ပြောင်ပြောင်၊ ရုပ်အဆင်းက အလွန်လိမ္မာပါးနပ်သည့် ပုံသဏ္ဍာန်ရှိသည်၊ သူက တံတောင်ဆစ်ကို မီးဖိုအုတ်ခုံပေါ် ထောက်ထားရင်းဖြင့် အားတက်သရောဖြင့် သူ့ကိုကြည့်လျက် ထိုဝဝကစ်ကစ် ကလေးသူငယ်နှင့်အတူ လိုက်လံရယ်မောလာလေ၏။
YOU ARE READING
ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】
Historical FictionName - 进宝娶媳妇儿/一言即诺 Author - 水千丞 Chapter - 61