[T/N အပေါ်မှာ အပိုင်း(၃)ရဲ့ Audio Drama အစအဆုံး ထည့်ပေးထားပါတယ်၊ သူက Dialogue တွေချည်းပဲမို့ လောလောဆယ်တော့ စာသားတွေလိုက်မထည့်ဖြစ်သေးလို့ ဒီကdialogueနဲ့ပဲ နားထောင်ကြည့်လည်း အဆင်ပြေပါတယ်၊ နားထောင်ကြည့်ပါ၊ ရှောင်းဟူလေးက အရမ်းချစ်ဖို့ကောင်းပါတယ်😻 ဒီဟာကို ဘာသာပြန်ချင်ရတဲ့ အကြောင်းအရင်းကလည်း ရှောင်းဟူလေးကို အရမ်းချစ်ပြီး သနားမိသွားလို့ပါပဲ🥹 ]
ကလေးငယ် ယွဲ့စစ်မင်သည် မျက်စိရှေ့မှ မည်းတူးတူးနှင့် ကလေးငယ်ကိုကြည့်ရင်း အလွန်တရာ ကူကယ်ရာမဲ့လာသလို ခံစားရသည်။ သို့သော်လည်း သူ့တွင်ရွေးချယ်စရာ မရှိပေ၊ အဘယ်ကြောင့်ဆိုသော် ဝမ်အော့ဟူမှာ ကောင်းကင်ဘုံမှ ပြုတ်ကျလာသလို ဖြစ်သည့်အတွက် သူက အလိုက်အထိုက် နေရုံသာတတ်နိုင်မည်။
"ဝေ့၊ မင်းလာခဲ့"
ယွဲ့စစ်မင်က သူ့ထံ လက်ဝှေ့ယမ်းပြလိုက်ကာ သူ့မျက်စိရှေ့မှ ထိုင်ခုံကိုညွှန်ပြပြီး
"ဒီမှာထိုင်"
ဝမ်အော့ဟူသည် နာခံစွာဖြင့် မြေကြီးပေါ်မှ ခုန်ထလာပြီး လိလိမ္မာမ္မာဖြင့် ထိုင်ခုံပေါ်ထိုင်သည်။
ယွဲ့စစ်မင်သည် စားပွဲပေါ်မှ ဘူးတစ်ခုကိုယူလိုက်ပြီး အဖုံးကိုမ,လိုက်ကာ
"စား"
ဝမ်အော့ဟူ၏ မျက်လုံးများသည် ကြယ်ပွင့်များအလား တလက်လက် တောက်ပလာပြီး ဘူးထဲမှ တပ်မက်စဖွယ် ဆွဲယူညှို့ငင်နေသော သရေစာများကိုကြည့်မိရင်း သွားရည်ပင် စီးကျလာတော့မလို့ပင်။
"တ......တကယ် ကျွန်တော့်ကို ကျွေးတာလား?"
ယွဲ့စစ်မင်က အတော်လေး ချစ်စရာကောင်းသည့် အပြုံးတစ်ခုဖော်ပြလာပြီး
"စားလိုက်"
ကလေးငယ်သည် ခေတ္တမျှတွန့်ဆုတ်နေပြီး နောက်မှရုတ်တရက် တစ်ခုကိုစုပ်ကိုင်လိုက်ကာ ပါးစပ်ထဲထည့်လိုက်သည်၊ ယွဲ့စစ်မင်က ပြန်ယူသွားမှာဆိုးသည့်အလား။
အကြောင်းမလှသည်က တစ်ကိုက်ကိုက်သည်ဆိုရုံရှိသေး ကလေး၏မျက်နှာအရောင်က ရုတ်ခြည်းပြောင်းလဲသွားပြီး ထွေးတောင်ထွေးထုတ်မိတော့မလို့ပင်၊ မျက်နှာမှာ တမဟုတ်ချင်း မရွှင်မလန်းဖြစ်သွားပြီး မုန့်ပဲသရေစာကို ပါးစပ်တွင်ငုံထားလျက် မျိုလည်းမျိုချမရ၊ ထွေးလည်းထွေးမထုတ်နိုင်နှင့် ပါးစပ်ဟထားရင်း မျက်ရည်အဝိုင်းသားနှင့် ယွဲ့စစ်မင်ကိုကြည့်လာသည်။
YOU ARE READING
ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】
Historical FictionName - 进宝娶媳妇儿/一言即诺 Author - 水千丞 Chapter - 61