အပိုင်း(၁၀)

183 29 4
                                    

ကျင့်ပေါင်၏ ချောမွတ်တောက်ပြောင်နေသော ခန္ဓာကိုယ်က ချွဲစစ်မင်အရှေ့ ရပ်လိုက်ချိန်တွင် တစ်ကိုယ်လုံးက ကတုန်ကယင်။

မနက်ဝေလီဝေလင်းအချိန် လာရောက်ဂါရဝပြုသည့်အခါ ချွဲစစ်မင်တစ်ယောက် သူ့ကိုမြင်သည်နှင့် ပထမဆုံး ပြောလာသည့်စကားက

"မနေ့ညက ရေချိုးပြီးပြီလား?"

ကလေးသည် ရိုးသားဖြောင့်မတ်သူ ဖြစ်သည့်အလျောက် မချိုးရသေးဘူးဆိုလျှင် မချိုးရသေးဘူးပဲ ပြောမည်ဖြစ်၍ ခေါင်းသာခါပြသည်။

သို့နှင့် ရေကန်ထဲ တစ်ချိုးတည်း ကန်ချခံလိုက်ရပြီး နတ်ဆေးသမားတော်က စကားနောက်တစ်ခွန်း စွန့်ကြဲပေးခဲ့သည်။

"ရေချိုးပြီးရင် ငါ့ကိုလာတွေ့လှည့်"

ကျင့်ပေါက်ခမျာ ဘောင်အပေါ်သာ ပြန်တက်လိုက်ပြီး သန့်သန့်ရှင်းရှင်းဖြစ်သွားအောင် ရေချိုးလိုက်ပြီးနောက် ပြန်သွား၍ ဂါရဝပြုသည်။

နတ်ဆေးသမားတော်က လတ်ဆတ်ရှင်းသန့်သည့် အနံ့ကိုရှူရှိူက်မိမှ ကျေနပ်တကြီးဖြင့် ခေါင်းတညိတ်ညိတ်လုပ်သည်။ သူက ခြေချိတ်ထိုင်လျက်ရှိနေပြီး ပန်းရနံ့မွေးသော လက်ဖက်ရည်ကို မြည်းစမ်းနေရင်းနှင့် ကျင့်ပေါင်ထံ စကားဆိုသည်။

"ငါ့ကိုခစားဖို့အတွက် သတ်မှတ်ချက်တွေ မင်းကိုပြောပြမယ်"

"ဟုတ်ကဲ့၊ ငယ်သား မှတ်သားထားပါ့မယ်"

ကျင့်ပေါင်သည် စာရွက်နှင့်မှင်တံကို ထုတ်ကာ ချမှတ်ဖို့ရန် ပြင်ဆင်နေသည်။ မတတ်နိုင်၊ သူကိုယ်တိုင်က ဦးနှောက်မကောင်းဘဲ သတိလက်လွတ်လည်း ဖြစ်တတ်သည်မို့ပင်။ ယခင်က မိမိတို့သခင်လေးကို အလုပ်အကျွေး ပြုစဉ်ကတော့ ကိစ္စများမှာ လုပ်ပါများ၍ အလိုအလျောက် မှတ်မိသွားခြင်းဖြစ်သည်။ သို့ပါသော်လည်း ယခုအခါမှာ သခင်အသစ် ဖြစ်ပါသောကြောင့် ကိစ္စရပ်တိုင်းကို သတိချပ်ရပေတော့မည်။

အမှန်တော့ ဤသည်မှာ ကျောင်းချိုင်ပေးသည့် အကြံဉာဏ်များပင်၊ ယမန်နေ့ညက သူ ကျောင်းချိုင်ကို သွားရှာလိုက်သေးသည်၊ ဌက်ကလေး အကိုင်ခံလိုက်ရသည့် ရှက်စဖွယ် ကိစ္စရပ်ကိုတော့ မကောင်းတတ်စွာ ထိန်ချန်ထားခဲ့ပြီး ချွဲစစ်မင်၏ မူမမှန်သော အကျင့်စရိုက်ကြောင့် ခစားဖို့ရန်မှာ ခက်ခဲပင်ပန်းလှကြောင်းကိုသာ အကြောင်းမဲ့သက်သက် ချဲ့ကားပြောဆိုလိုက်သည်။ ထိုအခါ ကျောင်းချိုင်က သူ့အား အကြံများစွာ ပေးလာလေသည်။

ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】Where stories live. Discover now