အပိုင်း(၄)

148 25 1
                                    

ကလေးငယ် ဝမ်အော့ဟူသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်စွာကြည့်နေပြီး ရှောင်လိုက်တိမ်းလိုက်နှင့် စားပွဲခုံနောက်ဝင်ပုန်းသည်။

"ခင်ဗျားက ဘာလုပ်ချင်နေတာလဲဗျာ"

သခင်ငယ်လေးက ပါးဖောင်းထားရင်း

"ငါမင်းကို လေ့ကျင့်ပေးမလို့လေ၊ ယွဲ့စံအိမ်ရဲ့ စည်းကမ်းတွေကို မင်းသိစေရမယ်!"

ပြောပြီးသည်နှင့် တုတ်ချောင်းကိုကိုင်ပြီး သူ့ထံပြေးလာတော့သည်။

ကလေးငယ် ဝမ်အော့ဟူမှာ ဉာဏ်မကောင်းသည်ဆိုသော်လည်း တုံးအနေသည်တော့မဟုတ်ပေ။ အနည်းဆုံးတော့ ဘာမှမလုပ်ဘဲ အသားလွတ်ကြီးရပ်နေပြီး အခြားသူကို လက်လေ့ကျင့်ခန်း လုပ်ခွင့်ပေးမည်တော့ မဟုတ်‌ချေ၊ သို့နှင့် ခုန်ပေါက်ကာ ပြေးလွှားသွားတော့သည်။ ရှေ့တစ်ခေါက်မှ အတွေ့အကြုံအရဆိုလျှင် အပြင်ဘက်ထိ ပြေးသွားမည်ဆိုပါက ထိုလူကြီးများမှ အလွယ်တကူ ရှာဖွေတွေ့ရှိသွားကြမည်ဖြစ်ကြောင်း မှတ်မိနိုင်လောက်အောင် ဉာဏ်ကောင်းပါသေးသည်။ ထိုကဲ့သို့ဖြစ်ပါက အားလုံးမှာ ယွဲ့စစ်မင်အား ကူညီသူများသာဖြစ်ပြီး မိမိကတော့ ကံဆိုးမိုးမှောင်ကြမည် မဟုတ်ပါလား၊ ထို့ကြောင့် သူသည် အပြင်ဘက်သို့ မပြေးတော့ဘဲ ယွဲ့စစ်မင်နှင့်အတူ အခန်းထဲသာ လှည့်ပတ်ပြေးနေတော့သည်။

အကြိမ်အနည်းငယ်မျှ ပတ်ပြီးနောက်၊ ဦးစွာမခံနိုင်တော့သူမှာ ယွဲ့စစ်မင်ပင်။  သူသည် ပိုးမွေးသလို ဖူးဖူးမှုတ်ခံရပြီး ကြီးပြင်းလာခဲ့သူဖြစ်သည်၊ ဤကဲ့သို့ပြင်းထန်သော လေ့ကျင့်ခန်းလုပ်ခြင်းမှာ မရှိသလောက်ရှားပါးသည်။ ထို့ကြောင့် တစ်အောင့်လောက် ပြေးသည်ဆိုရုံရှိသေး၊ ဟောဟဲဆိုက်သွားကာ ကုတင်ပေါ် ထိုင်ချလိုက်ပြီးနောက် လှုပ်ရှားခြင်းမရှိတော့ပေ။ 

ဝမ်အော့ဟူက သူမလှုပ်ရှားတော့သည်ကိုမြင်တော့ သတိကြီးကြီးကပ်၍ သူ့အနားကပ်လာကာ ကုတင်ဘေးဘက်ရောက်တော့ ရပ်လိုက်ရင်းသူ့ကိုကြည့်လာသည်။

ယွဲ့စစ်မင်က သူ့ကို တစ်ချက်စိုက်ကြည့်သည်။

ကလေးက တွေးတောလိုက်ပြီးနောက် သတ္တိမွေး၍မေးလာသည်။

ကျင့်ပေါင် မိန်းမယူပါပြီ【ဘာသာပြန်】Where stories live. Discover now