တိတ်ဆိတ်နေတဲ့သီးသန့်အခန်းငယ်မို့အပြင်ကအသံတွေကိုဝိုးတဝါးသာကြားနေရသည်။ခုံထက်မှကော်ဖီခွက်ကအငွေ့သေကာအေးစက်နေသော်လည်းစောင့်နေသူကရောက်မလာသေး။စိတ်တွေကလူနှင့်ကပ်မနေဘဲ အတွေးတွေကဝေးကွာလိုက်နီးလာလိုက်။ဗလာဖြစ်နေတဲ့အတွေးတွေကဘယ်ဆီဦးတည်ပြီးဘယ်ကိုရောက်နေပြီလဲမသိနိုင်တော့။အသက်မဲ့နေတဲ့မျက်ဝန်းတွေရဲ့ဦးတည်ရာဟာ အေးစက်နေတဲ့ကော်ဖီခွက်ဆီမှာသာ။
သတ်မှတ်ချိန်ထက်စောရောက်နေခြင်းမှာ စောင့်ဆိုင်းခြင်းဟာအသက်ပိုတိုလာသလိုမို့။
"sorry ကိုယ်နောက်ကျသွားတာလား"
တံခါးဖွင့်ကာဝင်လာလာချင်းအမျိုးအမည်မသိတဲ့အပြုံးတစ်ခုနှင့်ခုံမှာဝင်ထိုင်လိုက်သူက သူယုံကြည်ခဲ့ဖူးတဲ့သူ။
"ကော်ဖီတွေတောင်အေးကုန်ပြီပဲ ထပ်မှာပေးရမလား ကိုယ်နဲ့အကြိုက်တူနေတာပဲ အတူသောက်ကြတာပေါ့"
"လိုရင်းကိုပြော ဘာကြောင့်လဲ"
"အေးဆေးပေါ့ သိရမယ့်အတူတူကိုဘာတွေစိတ်လောနေတာလဲ"
"ခင်ဗျား......."
လက်သီးကိုကျစ်နေအောင်ဆုပ်ကာစိတ်မရှည်မှုကိုတားဆီးထားရသည်။
"စိတ်ကိုလျှော့ပါကွာ ဒေါသထွက်တာကျန်းမာရေးအတွက်မကောင်းဘူးနော်"
"အပိုတွေမပြောနဲ့ ခင်ဗျားရဲ့ရည်ရွယ်ချက်ကိုပဲပြော"
"အရမ်းတွေသိချင်နေတော့လည်း ပြောပြပေးရမှာပေါ့ စိတ်လေးတော့ငြိမ်ငြိမ်ထားနော်"
".................."
"ရေနက်ရှိုင်းနဲ့လမ်းခွဲပေးပါ"
"ဘာ!"
သူ့ရှေ့ဘယ်တုန်းကမှထုတ်မပြောခဲ့ဖူးတဲ့ကိုယ်တို့အကြောင်းကိုသိနေခြင်းမှာ မကောင်းတဲ့အငွေ့အသက်တစ်ချို့ခံစားမိလာရသည်။
"ရေနက်ရှိုင်းကိုစိတ်နာအောင်လုပ်ပြီး လမ်းခွဲပေးပါ ဒါငါလိုချင်တာပဲ"
"ခင်ဗျားအဓိပ္ပါယ်မရှိတာတွေဆက်မပြောရင်ကောင်းမယ်"
"အဲ့ဒါဆိုအဓိပ္ပါယ်ရှိတာလေးပြောရအောင် မနက်ကပို့လိုက်တဲ့ပုံတွေနဲ့အတူ တစ်ခြားလက်ဆောင်တစ်ခုပါပြင်ပြီး သူ့ဆီကိုတိုက်ရိုက်ပို့လိုက်မယ် သူဘယ်လိုဖြစ်သွားမလဲပြောကြည့်"
YOU ARE READING
နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)