"ခန်းစီးတွေဘာလို့ပြောင်းလိုက်တာလဲ""မကြိုက်တော့လို့"
"ငါပြီးမှပြန်ရှာဝယ်ပေးမယ်"
"ဟင့်အင်း ဒီအရောင်လေးကြိုက်တယ်"
"အရင်တုန်းကမကြိုက်ဘူးမလား"
"အခုကြိုက်တယ်"
"အို့"
"မင်းကြိုက်တာမှန်သမျှအကုန်ကြိုက်တယ်"
နှာခေါင်းလေးရှူံ့ပြပြီးကျောခိုင်းလိုက်သည်။အခန်းလေးကအရင်နဲ့မတူတော့တာမို့အသစ်တစ်နေရာလိုဖြစ်နေပေမယ့် သူ့အငွေ့အသက်တွေပြည့်နေတာမို့စိမ်းသက်သလိုမခံစားရ။
"ဒီရောက်နေတာပဲ ငါကပျောက်သွားပြီထင်နေတာ"
သစ်ရွက်ခြောက်လေးတွေပြည့်နေမဲ့စက္ကူဗူးလေးကခေါင်းရင်းဘေးကစားပွဲပေါ်မှာမို့ကောက်ယူလိုက်မိသည်။
"ငါဖွက်ထားတာ"
"ဘာလို့"
"မင်းအိပ်မက်တွေကို ကိုယ်အကောင်အထည်ဖော်ပေးချင်လို့"
"သိပ်တတ်နေတာပဲ"
ဗူးလေးကိုခုံပေါ်ပြန်တင်ပြီး ကြယ်ပုလင်းလေးကိုကောက်ယူကြည့်တော့မေးစရာမလိုဘဲရှင်းပြလာလေသည်။
"မင်းအတွက်ကိုယ်တိုင်ပျိုးပေးထားတဲ့ကြယ်တွေ မင်းဆုတောင်းတွေပြည့်အောင်လို့ကိုယ်ညတိုင်းခြွေချပေးနေတာ"
"အခုရောပြည့်သွားပြီလို့ထင်လား"
"အွန်း.....ပြည့်နေပြီ နောက်ထပ်တောင်းမဲ့ ဆုတောင်းတွေအတွက် ထပ်ခေါက်ဖို့တော့လိုသေးတယ်"
"လောဘကြီးတာမကောင်းဘူးနော်"
"မင်းကိုတစ်ဘဝစာပိုင်ဆိုင်ပြီးပျော်ရွှင်အောင်ထားနိုင်ပြီဆိုရင်တော့ ငါ့လောဘကိုအတောသတ်နိုင်ပါတယ်"
"အာ.........နေကြာတွေပွင့်နေပြီ"
ဝရံတာမှာနေပြထားတဲ့နေကြာအိုးလေးထဲမှာနေကြာတွေဆယ်ပွင့်မက။
"ကိုယ်စိုက်ထားပေးတာ ပွင့်ချိန်ရောက်ရင်မင်းဆီကိုပို့ပေးချင်လို့"
"နှင်းဆီတွေဆိုပိုအဆင်ပြေတာပေါ့ နေကြာကကြာရှည်မှမခံတာ"
"သေသွားရင်အသစ်ထပ်စိုက်မှာပေါ့ မင်းသဘောကျဖို့လိုတာလေ နှစ်ရှည်ပင်စိုက်နေတာမှမဟုတ်တာ"
YOU ARE READING
နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)