"ထူးထူးဆန်းဆန်းတွေလုပ်နေတယ်""ကိုယ်ကအတည်ပြောနေတာ"
"ဟုတ်ပါပြီ သွားချင်တယ်ဆိုတော့လည်းသွားတာပေါ့"
"အဝတ်စားတွေကိုယ်ရွေးပေးမယ်နော်"
"သဘော"
နှစ်ရက်လုံးသိမ်းဆည်းခဲ့ရတဲ့သူ့အငွေ့အသက်တွေ မြိုချထားခဲ့ရတဲ့ခါးသီးမှုတွေကိုဒီနေ့အဆုံးသတ်ပြီး မနက်ဖြန်ဆိုငရဲစခန်းစတင်ပြီဖြစ်သည်။
ဒုက္ခတွေချည်းခံစားရတာဟာငရဲဆို သူနဲ့အဝေးမှာနေရတဲ့အခါကိုယ့်ကမ္ဘာဟာငရဲပါပဲ။အဲ့အပြုံးတွေကိုငေးခွင့်မရှိသလို ကိုယ့်ကြောင့်ကျမယ့်မျက်ရည်တွေကိုလည်းသုတ်ပေးခွင့်မရှိတော့။
တယုတယဆုပ်ကိုင်ဖူးတဲ့လက်ဖျားလေးတွေကိုစွန့်လွှတ်ရတော့မှာဖြစ်သလို အိပ်နေချိန်ခဏခိုးခိုးနမ်းရတဲ့နှုတ်ခမ်းဖျားလေးကိုလည်းထိခွင့်မရှိတော့။
သူ့အပြုံးတွေကြောင့်ကိုယ်ပျော်ခွင့်ရတာတွေဆုံးရှူံးရပြီး သူစကားတွေကြောင့်ကိုယ်အားဖြစ်ရတာတွေလည်းရင်ထဲမှာသာသိမ်းထားရတော့မည်။
နောက်ဆုံးအတူလျှောက်တဲ့ကတ္တရာလမ်းဟာတော့အရင်လိုချိုင့်ခွက်တွေရှိတုန်းပဲ။ဖာထေးမယ့်သူမရှိခဲ့တာလား ဖာထေးမှုတွေအရာမရောက်တာလားတော့မသိ မနေ့ကထက်ပိုအက်လာတုန်း။
လေထဲလွင့်လာတဲ့သစ်ရွက်ကြွေကိုမဖမ်းဆုပ်နိုင်လိုက်တာဟာ ကိုယ့်အိမ်မက်တွေကိုဆက်မမက်စေလိုစွာ ကွေကွင်းကာထွက်ခွာသွားခြင်းပေလား။ဝါကျင့်ကျင့်လမ်းမီးတိုင်အောက်ကသက်ဆိုင်သူကတော့ တွဲလက်ကိုခါယမ်းလို့သူ့အပြုအမူကိုသတိမထားမိ။
လမ်းလျှောက်နေကျမို့ နာရီဝက်ခန့်ခရီးတစ်ခုကိုTaxiမငှားဖြစ်။လက်ချင်းတွဲလို့လျှောက်ရတဲ့ခရီးဟာနောက်ဆုံးအကြိမ်ဖြစ်နိုင်ခဲ့တာမို့ ရသမျှစက္ကန့်တိုင်း သူ့အနားကတစ်ဖဝါးမကွာချင်ပါ။
ရောင်စုံမီးတစ်ချို့အလှဆင်ထားတဲ့Barကအပြင်မှကြည့်ရတာတောင်စိတ်အိုက်စရာကောင်းပါသည်။တစ်ခါကြုံဖူးတဲ့အရိပ်မည်းဟာ ဒီနေရာရောက်တိုင်းပြန်အရိပ်ထင်နေတာကအရိုးထဲထိစွဲနေတဲ့အကြောက်တရားတစ်ခုလိုပဲ။
YOU ARE READING
နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)