အပိုင်း ၆

618 60 2
                                    


ကျောက်စရစ်လမ်းလေးကစက်ဘီးနှင့်ခြေရာတွေအောက်ငြိမ်သက်စွာလဲလျောင်းနေလေသည်။လူသွားလူလာရှင်းနေတာမို့သိပ်မကျဥ်းတဲ့လမ်းကျယ်လေးမှာ သူတို့နှစ်ယောက်သာအသက်ဝင်စွာ။

ဖျတ်ကနဲလွင့်တဲ့ဆံနွယ်တွေဟာ လေပြည်ညှင်းရဲ့ရန်စခံလိုက်ရတာနေမှာ။သစ်ရွက်တစ်ချို့ရဲ့ရယ်သံတိုးတိုးဟာလည်းလေပြည်တွေရဲ့ကျီစယ်မှုကြောင့်သာဖြစ်ရမည်။ဒါဆိုနှလုံးသားထဲကမငြိမ်သက်ခြင်းတွေကရော လေပြည်တွေကြောင့်လား ဒါမှမဟုတ်........

လမ်းဘေးကပ်လျှောက်ရင်း အလေ့ကျပေါက်တဲ့ပန်းဝါဝါတစ်ပွင့်ကိုခူးယူလိုက်သူက လက်ထဲလှည့်ကာကစားနေလေသည်။ပြီးမှကိုယ့်အိပ်ကပ်ထဲထိုးထည့်ပေးရင်း ပုံမှန်အတိုင်းဆက်လျှောက်နေပြန်သည်။

ဟိုးအရှေ့ကကောင်လေးနှစ်ယောက်ကိုတွေ့တော့ သဘောတကျရယ်ရင်းလှည့်ကြည့်လာပြန်ကာ တိုးတိုးလေးပြောလာသံက နားအတွင်းအနွေးဓာတ်လေးစီးဆင်းသွားသည့်နှယ်။

"သူတို့ကအတွဲတွေလေ"

"ဟမ်"

"ငါဒီလမ်းလာတိုင်းတွေ့နေကျ သူတို့ကအတွဲတွေ အရင်တစ်ခါသူတို့နမ်းနေတာငါတွေ့လိုက်တယ်"

ပုံမှန်အတိုင်းသာဆိုလာတဲ့စကားက အထင်သေးခြင်းတွေ ပျက်ရယ်ပြုခြင်းတွေကင်းကာ သာမာန်အတိုင်းသာ။လက်ကိုင်ကိုဖိညှစ်မိလိုက်ခြင်းမှာ ဘရိတ်မိသွားတာမို့စက်ဘီးလေးကတုံ့ခနဲ။

"ဘာဖြစ်လို့လဲရှိုင်း"

"မင်း......မင်းသူတို့ကိုဘယ်လိုမြင်လဲ"

"ဘာကိုဘယ်လိုမြင်ရမှာလဲ"

"သူတို့ကယောကျ်ားလေးချင်း.."

"အဟား.....ဘာများလဲလို့"

ကျောက်စရစ်ခဲလေး အဝေးကိုလွင့်အောင်ကန်လိုက်ပြီးမှ ကိုယ်ရှိရာဘက်ခေါင်းလှည့်လာကာ ပြုံးပြီးဖြေလာလေသည်။

"သူတို့ကိုယ်ပိုင်စိတ်နဲ့သူတို့ပဲလေ ကိုယ့်အမြင်တွေလိုမှမလိုတာ လောကကြီးကရှုပ်ထွေးတယ်လို့ပြောကြတယ် တကယ်တော့လူတွေကရှုပ်ထွေးပစ်တာပါ ရှင်းရှင်းလေးပဲတွေးလိုက် လူတစ်ယောက်ကအခြားလူတစ်ယောက်နဲ့တွဲနေရုံပဲ အမျိုးသားဖြစ်ခြင်းအမျိုးသမီးဖြစ်ခြင်းဆိုတာသူတို့စိတ်ခံစားချက်နဲ့ပဲဆိုင်တာ အာဒံနဲ့ဧဝကစခဲ့လို့ပုံသေဖြစ်နေတဲ့အယူအဆကို လူတွေကပုံသေမှတ်ယူလိုက်ရုံပဲ အမျိုးသားတစ်ယောက်ကအမျိုးသမီးတစ်ယောက်ကိုပဲသဘောကျရမယ်လို့ဘုရားကမဟောခဲ့ဖူးဘူး အဲ့ဒီလိုပဲအမျိုးသားတစ်ယောက်ကအမျိုးသားတစ်ယောက်ကိုသဘောကျခွင့်မရှိဘူးလို့လည်းမဟောခဲ့ဖူးဘူး ငါ့အမြင်အရဆိုရင် လူနှစ်ဦးသဘောကျလို့တွဲနေရင်အမျိုးသားချင်းဖြစ်ဖြစ် အမျိုးသမီးချင်းဖြစ်ဖြစ်ဘာမှအရေးမကြီးဘူး"

နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)Where stories live. Discover now