"ဘယ်သွားမှာလဲကွာ ပိတ်ရက်လေးအိပ်ယာထဲခွေချင်တာပါဆို""လာပါကွာ ပြီးရင်မင်းကျေနပ်စေရမယ်လို့အာမခံတယ်"
အိပ်ယာထက်ကလူကိုဇွတ်ဆွဲထူလို့ အိမ်ရှေ့ဆွဲခေါ်လာမိတာက စက်ဘီးရပ်ထားတဲ့ဆီ။
"လာ..... တက်"
"ဘယ်အထိသွားမလို့လဲ စက်ဘီးနဲ့တောင်သွားရအုံးမှာပေါ့"
"တက်သာတက်ပါကွာ ပြီးရင်ငါ့ခါးကိုဖက်ထား"
"ပြီးတာပဲကွာ"
ယောကျ်ားလေးတစ်ယောက်ကိုတင်နင်းတာမို့ ခရီးကသိပ်မတွင်ပေမယ့် လမ်းကလေးကသိပ်မကြမ်းတာမို့ဖြောင့်ဖြောင့်ဖြူးဖြူးသာ။
နေရောင်ကသိပ်မပြင်းသလို လေညှင်းလေးကလည်းတိုက်နေတာမို့ ဝတ်ထားတဲ့အင်္ကျီခါးအစလေးတွေကတဖျတ်ဖျတ်ခါနေသည်။ခါးထက်ကလက်တစ်စုံကိုငုံ့ကြည့်ရင်းလည်း လမ်းတစ်လျှောက်လုံးအပြုံးတွေကျဲပက်ခဲ့သေးသည်။
အကွေ့အကောက်လမ်းသွယ်လေးတွေကိုဖြတ်ကာ အရပ်မျက်နှာတစ်ခုဆီဦးတည်နေရင်းနားထဲရောက်လာတဲ့နားကြပ်တစ်ခု။စက်ဘီးစီးချိန်စကားပြောရင်လေတိုးတာကိုမကြိုက်တာမို့ အမြဲနားကြပ်တပ်ဖြစ်သောသူ့အကျင့်တစ်ခုဟာလည်းကိုယ့်မြတ်နိုးရာလေးပါပဲ။
ဖွင့်ထားတဲ့သီချင်းကိုသံစဥ်လိုက်ရင်း လေပြည်တွေကြားစိတ်တွေအတောင်ဖြန့်သည်။မဆုံးချင်တဲ့ဒီခရီးဟာကိုယ့်အတွက်တော့နိဗ္ဗာန်ဝင်ပေါက်လေး။နားထဲစီးဝင်လာတဲ့သီချင်းစာသားလေးကြောင့် နှုတ်မှလိုက်ညည်းမိသည်။
"You are my sunshine....
My only sunshine....you made me
happy.... when skies are gray....
You'll never no dear.... how much I love you....please don't take...my sunshine away....."လိုရာခရီးကိုရောက်တော့စက်ဘီးရပ်ကာဒေါက်ထောက်လိုက်သည်။
"ရောက်ပြီ"
"အွန်"
နားတစ်ဖက်ကနားကြပ်ကိုချွတ်ရင်း ပျင်းရိပျင်းတွဲသူ့အမူအရာက ရှေ့ကမြင်ကွင်းကိုမြင်တော့ခဏတန့်သွားလေသည်။
ဟိုးအနောက်အရပ်ဆီဝင်တော့မယ့်နေရောင်က တိမ်လေးတွေကိုအရောင်စုံစေသည်။ဟိုတစ်စဒီတစ်စပြန့်ကြဲနေတဲ့လိမ္မော်ရောင်တိမ်စလေးတွေရှိသလို ဟိုတစ်မျှင်ဒီတစ်မျှင်ငှက်မွှေးလေးတွေလိုတိမ်ဖြူလွင်လွင်လေးတွေလည်းရှိသည်။
YOU ARE READING
နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)