"ဝုန်း... ဒုန်း... ခွမ်း"
လွှင့်ပစ်ခံလိုက်ရသည့်ကုလားထိုင်တစ်လုံးကြမ်းပြင်ပေါ်ပြိုလဲအပြီး ချခွဲခံလိုက်ရသည့်ဖန်ခွက်တစ်လုံးဆီမှအသံပါတစ်ဆက်တည်းထွက်လာလေသည်။
ငြိမ်သက်သွားတဲ့အသံတွေဟာအေးချမ်းသွားခြင်းမဟုတ်သလို ကွဲကြေသွားတဲ့ထိုဖန်ခွက်လေးဘယ်တော့မှပြန်ဆက်နိုင်တော့မည်မဟုတ်။ထို့အတူသူတို့နှစ်ယောက်ကြားကရှစ်နှစ်တာသံယောဇဥ်ကြိုးတစ်ချောင်းကရော...
"မင်းဘာလုပ်လိုက်မှန်းရောသိရဲ့လား ဓနသွေး ဟမ်...ငါ့ကိုဖြေစမ်းပါ အဲ့လိုမျက်နှာထားနဲ့ငါ့ရှေ့မှာသွေးအေးအေးနဲ့ထိုင်မနေစမ်းပါနဲ့ ငါမေးတာဖြေစမ်းပါ"
အော်ဟစ်မေးကာအဖြေရှာမိတာအရူးတစ်ယောက်လိုဆိုပေမယ့်ပြန်ဖြေလာသံကတော့အေးစက်မှုအပြည့်။
"မင်းကဘယ်လိုအဖြေလိုချင်နေတာလဲ ရှိုင်း"
"ဘာ....."
အံ့ဩလွန်းလို့ဆွံ့အသွားမိတဲ့နှုတ်ခမ်းတစ်စုံက တဆတ်ဆတ်တုန်နေရုံကလွဲဘာအသံမှမထွက်နိုင်တော့။ပေါက်ကနဲကျတဲ့မျက်ရည်တစ်ချို့ကိုတောင်မသိမ်းနိုင်တော့သည်အထိ သူ့ကိုဆွံ့အသွားစေနိုင်ပါသည်။
ဆိုဖာထက်ပျင်းရိပျင်းတွဲမှီလို့ ခပ်မှေးမှေးစင်းကြည့်နေတဲ့အဲ့မျက်ဝန်းတွေထဲ သူနှင့်သက်ဆိုင်သမျှဘာမှရှာမတွေ့ခဲ့ခြင်းဟာသွေးပျက်စရာ။
ခြေချိတ်ထိုင်ထားတဲ့ခြေထောက်မှာချွတ်မထားတဲ့ဖိနပ်တစ်ရံနှင့်အတူ ဆိုဖာလက်တန်းထက်ဆန့်ထားတဲ့လက်ချောင်းကြားမှစီးကရက်ရဲ့အငွေ့တွေကအစစိတ်အေးလက်အေးနိုင်လွန်းသည်။
ကိုယ့်ပုံစံကိုတွေးမိတော့ပိုတိုးလာတဲ့ဒေါသတွေနှင့်အတူ ယနေ့မနက်ကြားခဲ့ရတဲ့စကားတွေကမသိစိတ်တွင်အပြည့်နေရာယူသည်။
"ငါ့ကိုမင်းဘယ်လိုသဘောထားခဲ့တာလဲ အဲ့မေးခွန်းပဲငါ့ကိုဖြေပေး"
"ကျစ် ဘာလို့အဲ့လောက်ဒေါသတွေထွက်နေတာလဲရှိုင်းရာ ငါတို့နှစ်ယောက်ရဲ့အနာဂတ်အတွက်.."
"အနာဂတ်ဆိုတဲ့စကားက အခုချိန်ကစပြီးငါတို့နှစ်ယောက်ကြားမှာမလိုတော့ဘူး အခုငါ့မေးခွန်းကိုသာဖြေစမ်းပါ ငါတို့သိခဲ့တဲ့ရှစ်နှစ် ငါတို့နှစ်ယောက်တွဲခဲ့တဲ့ ခြောက်နှစ်တာကာလအတွင်းမှာ မင်းငါ့ကိုနည်းနည်းလေးတောင်မချစ်ခဲ့ဖူးဘူးလား နည်းနည်းလေးတောင်မှလေ.."
YOU ARE READING
နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)