ခွဲခန်းရှေ့ကခုံတန်းလေးမှာထိုင်ရင်း ခေါင်းငိုက်စိုက်ချထားမိတယ်။ဒူးပေါ်တင်ထားတဲ့လက်နှစ်ဖက်မှာပွန်းပဲ့ရာလေးတွေရှိနေပေမယ့် ဂရုမစိုက်ဖြစ်တော့ဘူး။ထည့်စဥ်းစားစရာမလိုအောင်အထိသိမ်နုတ်လွန်းတာမို့။ဘေးမှာထိုင်နေသူလက်ထဲမှာတော့မင်းဝတ်ခဲ့တဲ့ အင်္ကျီအဖြူလေးကိုင်လို့။စွန်းပေနေတဲ့သွေးတွေကတော့အကျည်းတန်တာပေါ့အချစ်ရယ်။
ဒဏ်ရာပြင်းထန်တာမို့စိတ်ကိုပြင်ဆင်ထားပါတဲ့လေ။ဟုတ်ကဲ့လို့ဆိုပြီးမလိုက်နာတတ်တဲ့စိတ်ဟာ ကျောင်းတုန်းကတည်းကအကျင့်တစ်ခု။အခုတော့အဖော်ညှိဖို့မင်းရှိမနေဘူး။
မင်းမျက်နှာလေးငေးချင်ရုံလျှောက်လာမိတဲ့လမ်းမလေးပါအချစ်။စိတ်တွေလွင့်လို့ဖြတ်ကူးမိချိန် ဘေးကိုမကြည့်မိတာဟာကိုယ့်အပြစ်တွေပါ။မင်းကတော့ပြေးမလာသင့်ဘူးလေ။
တစ်သက်စာချစ်မဲ့ကတိကိုတည်စေဖို့များကြိုးစားခဲ့တာလား။တစ်ဘဝစာဟာသိပ်ရှည်တာမို့ သည်းမခံနိုင်ခြင်းတွေကြားမှာအဆုံးသတ်ပစ်ဖို့များတွေးမိသွားတာလား။
အတွေးတွေဆွဲဆန့်သွားတာများ မင်းသာနိုးမလာခဲ့ရင်စွပ်စွဲချက်တွေပြည့်သိပ်နေတော့မှာ။ဒါကြောင့်ကိုယ့်အတွေးမှားတွေကိုဖြေရှင်းပေးဖို့ မင်းကတော့မြန်မြန်နိုးလာမှရမယ်။
"လူနာရေနက်ရှိုင်းရဲ့လူနာရှင်"
"ကျွန်တော်ပါဗျ"
ထွက်လာတဲ့ဆရာဝန်ရဲ့အမေးမှာ ကပျာကယာမတ်တပ်ထရင်း ရိုကျိုးစွာရှေ့တိုးသွားမိသည်။
"ဘာတော်လဲ"
"သူ့ရဲ့တစ်ယောက်တည်းရှိတဲ့ဆွေမျိုးသားချင်းပါ"
"လူနာရဲ့ဒဏ်ရာကပြင်းတယ် လမ်းနဲ့ဦးခေါင်းခွံထိတဲ့အရှိန်ကပြင်းတဲ့အတွက် ဦးခေါင်းပိုင်းထိခိုက်မှုသိပ်များတယ် ဒါကြောင့်သတိရဖို့ခက်လိမ့်မယ် တစ်သက်လုံးသတိမရလာနိုင်တဲ့အထိဖြစ်နိုင်ပါတယ်Comaပေါ့ ဒါကအဆိုးဆုံးအခြေနေကိုတွက်ဆထားရုံလေးပါ ရက်ပိုင်းအတွင်းလည်းသတိရလာနိုင်ပါတယ် ကျန်တဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကတော့အားလုံးအဆင်ပြေတယ် ဘယ်ဘက်လက်ကောက်ဝတ်နဲ့ခြေကျင်းဝတ်ကတော့အရိုးအက်သွားတယ် ဒါကတော့စိတ်ပူစရာမလိုဘူး အဓိကကတော့ခေါင်းကဒဏ်ရာပဲ"
YOU ARE READING
နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)