"ဘာလုပ်နေတာလဲညီ""နှင်းဆီလေးတွေပွင့်နေတာတွေ့လို့လေ သဘောကျလို့ကြည့်နေတာ"
"အိပ်ခန်းထဲကပန်းအိုးမှာထိုးချင်ရင်ခူးလို့ရတယ်နော်"
"နေပါစေဗျာ အပင်မှာလှနေတာလေးပဲကြည့်တော့မယ်"
"အပင်ထက်ရှိနေလည်းကြွေရမှာပဲ ခူးလို့ညှိုးသွားရင်လည်းကြွေရမှာပဲလေ"
"ဘယ်ပန်းကတော့ကြွေချင်ပါ့မလဲအစ်ကိုရဲ့ အပင်ထက်ဝေချင်ကြတာချည်းပဲပေါ့ သူတို့ခမျာလောကဓံရဲ့အဆုံးအဖြတ်ကြောင့်သာမတတ်သာလို့မြေထက်ကြွေခဲ့ရတာပါအမြဲတမ်းကြည့်နေနိုင်မှာမဟုတ်ဘဲ အခန်းတစ်ခုကိုအလှဆင်ရုံသက်သက်နဲ့တော့ ကျွန်တော်မခူးရက်ဘူးအစ်ကို အခန်းထဲမှာပန်းလေးမရှိတာအကျည်းမတန်ပေမယ့် အပင်မှာတော့ပန်းမရှိရင်မတင့်တယ်တော့ဘူးလေ"
"စကားမပြောတတ်တဲ့သစ်ပင်တွေအတွက်ပါတွေးပေးနေတာပဲ"
"တိုက်ဆိုင်မှုတွေရှိတဲ့အခါ မြတ်နိုးခဲ့ဖူးတဲ့အရာဟာလည်းနှလုံးသားရဲ့တစ်စိတ်တစ်ပိုင်းပါပဲ"
"ဒီနေ့ဆိုင်ကိုမသွားဘူးလား"
"ဘုရားသွားမလို့အစ်ကို"
"ကိုယ်လိုက်ပို့မယ်လေ"
"Taxiငှားသွားလိုက်မယ်ဗျ အစ်ကိုကအလုပ်သွားမှာသွားပါ ကျွန်တော့်ကြောင့်အလုပ်ပျက်မခံပါနဲ့ ကျွန်တော်ကခဏနေမှသွားမှာ"
"Ok"
ခပ်ယဲ့ယဲ့လေးပြုံးပြကာထွက်သွားသူရဲ့ကျောပြင်ကိုကြည့်ရင်း ပါးတစ်ခြမ်းအပ်ခဲ့ဖူးသည့်ကျောပြင်ကိုသတိရမိသည်။အခုထိအနွေးဓာတ်ကိုမှတ်မိနေဆဲပဲ။
ပန်းပွင့်လေးကိုထပ်ဖိကိုင်လိုက်ရင်း လှပတဲ့အတိတ်တစ်ချို့ကိုသတိရမိသည်။ကျောင်းသားဘဝက ဥယျာဥ်ထဲကနှင်းဆီနီတွေပွင့်တိုင်း စောစောထလို့ပြေးခိုးခဲ့မိတာ သူ့အတွက်ပါပေါ့။
သူ့ဘယ်ဘက်အိပ်ကပ်ထဲကပန်းလေးမြင်တိုင်း ကိုယ်ဟာသူ့ဘယ်ဘက်ရင်ဘက်ထက်ကပိုင်ရှင်လေးဆိုတဲ့အသိနဲ့တင်နားရွက်ဖျားတွေဟာနီရဲလာတတ်သည်။ပန်းခြောက်လေးတွေဘယ်ရောက်လဲမသိခဲ့ပေမယ့် သူ့အိပ်ကပ်ထဲပန်းရနံ့တွေစွဲနေခြင်းဟာ ကိုယ့်ရဲ့ပိုင်ဆိုင်ခြင်းပြနိယာမတစ်ခုလို့သတ်မှတ်ခဲ့မိတာ။
YOU ARE READING
နေကြာငေးတဲ့သက်တန့်ရောင်စဥ်(Complete)