မြို့နယ်ရဲစခန်း။
ရဲစခန်းဆိုတာသူမနှင့်မရင်းနှီးသည့်နေရာ။
လူဖြစ်လာသည့်သက်တမ်းတစ်လျှောက်တစ်ခါမှမ
ရောက်ဖူးသည့်နေရာသို့အခုတော့ မလာလို့မရသည့်
ကိစ္စကြောင့် သူမရောက်လာခဲ့ရပြီ။
ရဲစခန်းအတွင်းသို့ဝင်လာခဲ့တော့ အလုပ်လုပ်နေကြ
သည့်ဝန်ထမ်းတချို့က သူမကိုမော့ကြည့်လာသည်။
ခပ်လှမ်းလှမ်းမှာတော့ အနက်ရောင်ခေါင်းတွေကြား၌ ထင်းထင်းလင်းလင်းဖြစ်နေသည့်
သူမရှာနေသော အနီရောင်ခေါင်းကိုတွေ့လိုက်ရသည်။
သူမထိုနေရာသို့ခပ်သွက်သွက်ခြေလှမ်းတွေနှင့်ရောက်သွားသည်။"ဂျွန်"
သူ့နာမည်ခေါ်လိုက်တော့ စခန်းမှုးရှေ့မျက်နှာချင်း
ဆိုင်မှာ တံခါးဘက်ကိုကျောပေးထိုင်နေသည့်သူက
နောက်ကိုလှည့်ကြည့်လာကာ စိတ်ပျက်သွားဟန်နှင့်
အလိုမကျသည့်မျက်နှာအမူယာလုပ်၍ ရှေ့ကို
ပြန်လှည့်သွားသည်။ကယ်တင်ရှင်ရောက်လာတာကို ဝမ်းသာအားရ
ဖြစ်မသွားသည့်အပြင် သူမကိုမြင်သည်နှင့် အလို
မကျမှုတွေပြည့်နှက်သွားသည့် မျက်နှာပိုင်ရှင်နောက်
ရေကြည် သွားရပ်လိုက်ကာ စခန်းမှုးကိုနှုတ်ဆက်
လိုက်သည်။"ကျွန်မ ဂျွန်ထက်မြတ်ရဲ့ အုပ်ထိန်းသူပါ ဆရာ"
စခန်းမှူးက ရေကြည့်ကို ခေါင်းညိတ်ပြကာ
တစ်ဖက်သို့ ကြည့်လိုက်တာကြောင့် ရေကြည်
လိုက်ကြည့်လိုက်သည်။တစ်ဖက်မှာတော့
ဒဏ်ရာဒဏ်ချက်ကိုယ်စီနှင့်ဖူးယောင်နေသော မျက်နှာပိုင်ရှင်များကိုတွေ့လိုက်တော့ သူမအတော်လေးရင်ထိတ်သွားသည်။
သူမရှေ့မှာကျောခိုင်းထိုင်နေသည့် ဂျွန့်ရဲ့
မျက်နှာကို စိုးရိမ်ပူပန်စွာနှင့် လက်နှစ်ဖက်ဖြင့်
အသာဆွဲကာ မော့ခိုင်းလိုက်သည်။
နှုတ်ခမ်းနားမှာ သွေးစို့နေရုံကလွဲလို့ ကျန်တာကြီးကြီးမားမားဒဏ်ရာမတွေ့ရ။
နစ်နာသူဟာ ကိုယ့်လူမဟုတ်မှန်းရိပ်မိလိုက်သည်။ဂျွန်က သူ့မျက်နှာကိုကိုင်ထားသည့် ရေကြည့်လက်ကိုဖယ်လိုက်သည်။
"ပြဿနာကတော့...ဒီဘက်ကကောင်တွေစတာပါ
ဒါပေမယ့်....လက်လွန်တာကတော့ ဟောဒီ့ဘက်ကပါ"
YOU ARE READING
မမ
Romance"ရည်းစား မထားတုန်းကလဲ မထားလို့ ထားမယ်ဆိုတော့လဲ မထားခိုင်းပြန်ဘူး မင်း ဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျွန်.." "အဲ့ဒါက အရင်က အခုက မမကို နှမြောလို့ ဘယ်သူ့မှ မပေးချင်တော့ဘူး"