"ကြီးမေ.."
"အင်း..."
"မမကို ဘယ်လိုမြင်လဲ"
ဂျွန် TV ကြည့်နေရင်းက သူ့အဒေါ်ကိုမေးသည်။
ဒေါ်မြတ်မေ မျက်မှန်ကိုတစ်ချက်ပင့်ကာ ပန်းသီး
စိတ်ကို ခရင်းနှင့်ထိုး၍ ဂျွန့်ကို ခွံ့ကျွေးလိုက်ပြီး"လှတယ်..လိမ္မာတယ်..အနေအေးတယ်..တော်
တယ်..ဒီလိုမိန်းကလေးမျိုးကိုမှ တူမလေးတော်
ချင်တာ..အခုတော့ဖြင့် ပြဿနာအိုးလေးကို
ဘုရားက အပြစ်ပေးတဲ့အနေနဲ့ ပို့ပေးသလား
မသိပါဘူး..."ဒေါ်မြတ်မေရဲ့စကားကြောင့် ဂျွန်က အူလှိုက်သည်း
လှိုက်ထရယ်သည်။
ပုံမှန်ဆိုလျှင် ဂျွန်က သူ့ကို ပြဿနာအိုးလို့သုံးနှုန်း
ရင်မကြိုက်ချေ။
ဂျွန် သူ့အဒေါ်ကိုမျက်နှာချင်းဆိုင်လိုက်ပြီးနောက်"ကြီးမေ မမကို တူမတော်ချင်ရင် တော်လို့ရအောင်
ဂျွန်က လုပ်ပေးလို့ရပါတယ်""ဟမ်...ဘာရယ် ဂျွန်ဂျွန်"
ဒေါ်မြတ်မေက သူ့တူမရဲ့စကားကို နားမလည်၍
မျက်မှောင်ကြုံ့ပြီး ပြန်မေးသည်။
ဂျွန်က မျက်ခုံးတစ်ဖက်ပင့်ပြကာ ပြုံးပြလိုက်သည်။........
"မမ..."
ခြံတံခါးသော့ခတ်မထားတာကြောင့် ဂျွန် ခြံထဲ
ဝင်လာပြီး အိမ်ထဲမဝင်ခင် ရေကြည့်ကို ခေါ်လိုက်
သည်။
ပြန်ထူးသံမကြားတာကြောင့် အိမ်ထဲအထိ ဝင်လာ
ပြီး အိမ်ထဲမှာလှည့်ပတ်ရှာသည်။"မမ..."
အိပ်ခန်းတံခါးကိုဖွင့်ဝင်လာလိုက်တော့ ရေကြည့်ကို
မှန်တင်ခုံရှေ့မှာထိုင်ကာ အလှပြင်နေသည်ကို တွေ့
လိုက်ရသည်။ဂျွန် ဘောင်းဘီအိတ်တွေထဲ လက်တွေကိုထည့်
ထားရင်းက ကုတင်ပေါ်မှာ ခြေချိတ်၍ ထိုင်လိုက်
ပြီး မှန်ထဲကတဆင့် ရေကြည့်ကို ကြည့်နေလိုက်
သည်။"တံခါးမခေါက်ပဲဝင်လာတာ မကောင်းဘူးနော်
ဂျွန်ဂျွန်..."ရေကြည်က နှုတ်ခမ်းနီဗူးကိုပြန်ပိတ်ကာ မှန်တင်
ခုံပေါ်ပြန်တင်လိုက်ရင်းကပြောသည်။"မမကို ခေါ်နေသားပဲ"
ဂျွန် ချိတ်ထားတဲ့ခြေထောက်နှစ်ဖက်ကို ခွာလိုက်
ပြီး ထိုင်ရာကထကာ မှန်တင်ခုံဘေးက နံရံမှာ
မှီရပ်လိုက်ပြီး ရေကြည့်ကိုကြည့်နေပြန်သည်။
YOU ARE READING
မမ
Romance"ရည်းစား မထားတုန်းကလဲ မထားလို့ ထားမယ်ဆိုတော့လဲ မထားခိုင်းပြန်ဘူး မင်း ဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျွန်.." "အဲ့ဒါက အရင်က အခုက မမကို နှမြောလို့ ဘယ်သူ့မှ မပေးချင်တော့ဘူး"