ဂျွန် အိပ်ယာနိုးလာပြီး ဝရံတာကိုထွက်လာကာ
အကြောဆန့်နေစဥ် မမရဲ့အိမ်ရှေ့မှာရပ်ထားတဲ့
ကားတစ်စီးကိုတွေ့လိုက်ရသည်။ဝရံတာလက်ရန်းကိုလက်နှစ်ဖက်နှင့်ထောက်ကာ
ရပ်ကြည့်နေလိုက်သည်။
မမက အိမ်ထဲကထွက်လာပြီး ထိုကားထဲဝင်သွား
သည်။အိမ်ရှေ့ကနေဖြတ်မောင်းသွားသည့်ကားကို
ဂျွန် မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။"ဘယ်သူနဲ့ပါသွားတာပါလိမ့်"
ထိုနေ့ည
နေ့လည်ထဲကသူငယ်ချင်းတွေနှင့်ရုပ်ရှင်ကြည့်
ဖို့ထွက်လာပြီး ညစာစားရင်း ဘားမှာထိုင်ဖြစ်
သည်။"ချီးယာစ့်...."
သူမတို့ဝိုင်းနှင့် ခပ်လှမ်းလှမ်းကဝိုင်းမှာထိုင်နေ
သည့်အုပ်စုထံမှ ကျယ်လောင်သည့်အသံထွက်
လာသည်။
Rooftop Bar ဖြစ်တာကြောင့် လေကတဟူးဟူး။
ရေကြည် ဆံပင်စည်းမထားတာကြောင့် ဆံပင်စည်း
ရန် ခေါင်းစည်းကြိုးကို အိတ်ထဲရှာလိုက်သည်။"ဂျွန်..ဂျွန်...ဂျွန်...ဂျွန်..."
ဆူညံနေသည့်ဝိုင်းကထွက်လာသည့်အသံ
ဂျွန်ဆိုသည့်နာမည်ကြောင့် ရေကြည် ခေါင်းစည်းကြိုးငုံ့ရှာနေရာက ထိုဝိုင်းကို
လှမ်းကြည့်လိုက်သည်။
ဂျွန်က မက်တပ်ရပ်နေပြီး အရက်ပုလင်းကို
မနားတမ်းမော့သောက်နေလေသည်။
ဘေးမှာထိုင်နေသူတွေက သူ့ကိုလက်ခုပ်တီး၍
အားပေးနေသည်။ဂျွန်က ကုန်သွားသည့်ပုလင်းကို စားပွဲပေါ်သို့
ဆောင့်ချကာ နောက်တစ်ပုလင်းကိုထပ်ဖောက်
ခိုင်းပြီး ထပ်မော့သည် ။ရေကြည် ထိုင်နေရာကထလိုက်သည်။
သူမမက်တပ်ရပ်လိုက်တော့ ရည်မွန်က မော့ကြည့်
ကာ"ဟဲ့..ဘယ်သွားမလို့လဲ Toilet လား.."
"မဟုတ်ဘူး...ငါ ဟိုဝိုင်းကိုခဏ..."
ရေကြည် ပြောပြောဆိုဆိုနှင့် ဂျွန်တို့အုပ်စုရှိ
သည့်ဝိုင်းကို ထွက်လာခဲ့သည်။ဂျွန် ဆိုဂျူးနှစ်ပုလင်းကုန်သွားပြီးနောက် လူက
လဲမဟန်နိုင်တော့ ယိုင်တိုင်တိုင်ဖြစ်နေချေပြီ။
ဒါကိုတောင် နောက်တစ်ပုလင်းကိုဖောက်ခိုင်း
နေတော့
YOU ARE READING
မမ
Romance"ရည်းစား မထားတုန်းကလဲ မထားလို့ ထားမယ်ဆိုတော့လဲ မထားခိုင်းပြန်ဘူး မင်း ဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျွန်.." "အဲ့ဒါက အရင်က အခုက မမကို နှမြောလို့ ဘယ်သူ့မှ မပေးချင်တော့ဘူး"