မမ-၆

524 59 1
                                    

ဂျွန် ပွဲထဲကထွက်သွားတာမြင်လိုက်တာကြောင့်
ရေကြည် ဂျွန့်နောက်ကို လိုက်သွားသည်။
ဂျွန်က သန့်စင်ခန်းထဲဝင်သွားကာ သူ့အင်္ကျီမှာ
စွန်းနေသည့် ရှန်ပိန်တွေကို ရေဆေးချဖို့အတွက်
ရှပ်အင်္ကျီကိုချွတ်လိုက်သည်။

ရေကြည် သန့်စင်ခန်းထဲရောက်သွားတော့ ဂျွန်က
အပေါ်ပိုင်းမှာဘရာတစ်ထည်ပဲရှိနေပြီး ထိုပုံစံနှင့်
အင်္ကျီကိုရေဆေးနေတာတွေ့လိုက်ရသည်။

"ဂျွန်...ဘာဖြစ်တာလဲ"

"ရှန်ပိန်မှောက်ကျလို့..."

သန့်စင်ခန်းထဲမှာ တခြားလူမရှိ။ သူမတို့နှစ်ယောက်
တည်းသာ။
ရေကြည်က ဂျွန့်လက်ထဲက အင်္ကျီကိုယူလိုက်ပြီး

"မင်း..ကုတ်အင်္ကျီကိုဝတ်ထားလိုက်.."

ဂျွန်က ချက်ချင်းမဝတ်သေးပဲ ရပ်နေသည်။
ထိုစဥ်မှာပဲ သန့်စင်ခန်းတံခါးပွင့်လာတာကြောင့်
ရေကြည်က ဘေစင်ပေါ်တင်ထားတဲ့ ကုတ်အင်္ကျီကို
ယူပြီး ဂျွန့်ဆီကို ပစ်ပေးလိုက်သည်။

"သြော်...မမရေကြည်..."

"ပန်ပန်..."

သန့်စင်ခန်းထဲဝင်လာသည့်မိန်းကလေးက ရေကြည့်
ကိုမြင်တော့နှုတ်ဆက်သည်။
ထို့နောက် ဂျွန့်ကိုမြင်တော့

"ဟို...အင်္ကျီအဆင်ပြေလားဟင်...ပန်ပန့်ကြောင့်
ဖြစ်သွားတာ မမရေကြည်..."

"ဟုတ်လား..."

ရေကြည်က ဂျွန့်ကိုလှည့်ကြည့်လိုက်သည်။
ဂျွန်က ကုတ်အင်္ကျီကိုဝတ်ထားပြီးပြီ။

"အဆင်ပြေပါတယ်..."

"ပန်ပန်..အင်္ကျီအသစ်တစ်ထည် ပြန်ဝယ်ပေးပါရ
စေ...အင်္ကျီကအဖြူဆိုတော့လေ..."

"မလိုပါဘူး ရပါတယ် စိတ်ထဲမထားနဲ့"

ပန်ပန်က အားနာဟန်နှင့် ရေကြည့်ကိုလှည့်ကြည့်
သည်။
ရေကြည်က ပန်ပန့်ကိုပြုံး၍ ခေါင်းညိတ်ပြလိုက်
သည်။

သန့်စင်ခန်းထဲကပြန်ထွက်လာပြီးနောက်

"ဒီမှာခဏစောင့်နေ ရည်မွန်တို့ကိုသွားနှုတ်ဆက်
လိုက်ဦးမယ် "

မမWhere stories live. Discover now