မမ-၁၁

551 53 1
                                    

ဂျွန်ကို့ ချိန်းထားတဲ့နေရာသို့ လိုက်ပို့ပေးလိုက်သည်။
ဂျွန် ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး နောက်ခန်းထဲ
က သူ့အိတ်ကို လှမ်းယူလိုက်သည်။
ထို့နောက် ရေကြည့်နှုတ်ခမ်းလေးကို တစ်ချက်နမ်း
လိုက်ပြီး

"ကားကို ဂရုစိုက်မောင်းဦး"

"အင်း..."

ရေကြည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။
ဂျွန် ကားထဲကထွက်လိုက်သည်။ ရေကြည့်ကို
လက်ပြနှုတ်ဆက်နေတဲ့ ဂျွန့်အနားကို ရဲဇေ ရောက်
လာသည်။

"ဘယ်လိုလဲ အဆင်ပြေသွားပြီပေါ့...မျက်နှာတော်
ကြည်လင်နေပုံကြည့်ရတာ..."

"ဒါပေါ့..."

ဂျွန် မျက်ခုံးတစ်ဖက်ပင့်ပြပြီး ရဲဇေရဲ့ပုခုံးကိုဖက်၍
အဆောက်အဦးထဲ အတူ ဝင်သွားကြသည်။

......

"မင်္ဂလာပါ...cele talk show အစီအစဥ်ကနေ
ပြန်လည်ကြိုဆိုပါတယ်...ဒီနေ့မှာတော့ ရေကြည်
နဲ့အတူ ဘယ်အနုပညာရှင်က သူရဲ့ရိုက်ကွင်း
ပေါ်ကအမှတ်တရတွေ သူ့ငယ်ဘဝအမှတ်တရ
တွေအကြောင်း ဘယ်လို ပြောပြသွားမလဲ ​
စောင့်ကြည့် ပေးပါဦးနော်..."

ရေကြည် ကင်မရာသမားကို ခေါင်းညိတ်ပြလိုက်
သည်။
တစ်ဖက်က အနုပညာရှင်က ကင်မရာမြင်ကွင်းထဲ
ဝင်လာသည်။

"မင်္ဂလာပါ ဂျေ..."

"မင်္ဂလာပါ အစ်မ ...ပရိတ်သတ်ကြီးအားလုံးလဲ
မင်္ဂလာပါ ဂျိတ် ဖြစ်ပါတယ်"

အနုပညာရှင်က လက်အုပ်ချီပြီး ပရိတ်သတ်ကို
နှုတ်ဆက်လိုက်သည်။
ထို့နောက် ရေကြည်နဲ့မျက်နှာချင်းဆိုင် ခုံမှာ
ဝင်ထိုင်လိုက်သည်။

"မတွေ့ဖြစ်ကြတာ အတော်ကြာပြီ "

"ဟုတ်တယ် အစ်မ... ကိုပေါက်ဆီရဲ့ မွေးနေ့ပြီး
ကထဲက မတွေ့ဖြစ်ကြတော့တာနော်.."

"ဟုတ်တယ်...ဘယ်လိုလဲ သီချင်းတွေ အများကြီး
လုပ်ဖြစ်နေလား..."

"ဟုတ်ကဲ့...Album အသစ်အတွက် ပြင်ဆင်
နေဖြစ်တယ်..."

"မကြာခင် ပရိတ်တွေအတွက် သတင်းကောင်း
ကြားရတော့မှာပေါ့..."

မမWhere stories live. Discover now