မမ-၉

503 57 1
                                    

ငါးနှစ်ကြာပြီးနောက်

ကား သွားယူနေသည့်ရဲဇေကို လေဆိပ်ရှေ့မှာ ရပ်
စောင့်ရင်း ဂျွန် မမဆီကို ဖုန်းခေါ်လိုက်သည်။
ဖုန်းက ဝင်သွားပေမယ့် မကိုင်။ ထပ်ခါထပ်ခါ
ခေါ်နေပေမယ့် လက်ခံဖြေကြားခြင်းမရှိတာ
ကြောင့် ဂျွန် စုတ်တစ်ချက်သပ်လိုက်သည်။

ရဲဇေ ကားကို ဂျွန့်ရှေ့နားမှာရပ်လိုက်ပြီး ကားထဲ
ကထွက်လာကာ ခရီးဆောင်အိတ်တွေကို ကား
နောက်ဖုံးထဲသို့ ထည့်လိုက်သည်။

ဂျွန်က အခုထိ ရေကြည့်ဆီကို ဖုန်းခေါ်နေသည်။
ရဲဇေ ဂျွန့်ရှေ့မှာရပ်ပြီး အခြေနေကြည့်လိုက်သည်။

"လာပါဟာ...ကားပေါ်ရောက်မှ ထပ်ခေါ်ကြည့်"

ဂျွန့်မျက်နှာက အလိုမကျမှုနှင့် မှုံ့ကုတ်ကုတ်ဖြစ်
နေပြီ။
ကားထဲရောက်တော့ ဖုန်းဝင်လာတာကြောင့်
မမဆီကလို့ထင်လိုက်ပေမယ့် ကြီးမေဆီကဖြစ်
နေသည်။

"ဟယ်လို ကြီးမေ..."

"ကလေးလေး...အခုဘယ်ရောက်ပြီလဲ"

"ဂျွန် လေဆိပ်ကထွက်လာပြီ ကြီးမေ.."

"အင်းအင်း...ဖြည်းဖြည်းမောင်းခဲ့ကြနော်..."

"ဟုတ်..."

ကြီးမေ ဖုန်းချသွားသည်။ ဂျွန် ရဲဇေကို ကြည့်လိုက်
ပြီး

"ကတ်က ကြီးမေ ပေးလိုက်တာလား.."

"အေး...သူ့ဖုန်းကတ်..."

"အဲ့ဒါကြောင့်မလို့ ချက်ချင်းဖုန်းခေါ်တာ..."

"နင့်မမက ဖုန်းနံပါတ် အစိမ်းမလို့ မကိုင်တာ
ဖြစ်မှာပေါ့...ဒါမှမဟုတ် မအားလို့များလား..
ရိုက်ကူးရေးရှိနေတာတို့ဘာတို့..."

"ဒီလောက် အဝင်ကောတွေအများကြီးကို
သူ့ဆီ ဘယ်သူကခေါ်မှာမလို့လဲ..ဒီနေ့ ငါပြန်လာ
မယ်ဆိုတာကိုလဲ သူ့ကို ကြိုပြီး သတိပေးထားတယ်
မသိတော့ဘူးဟာ...သူက အလုပ်နဲ့ပက်သက်
လာရင် ဘာမှသတိမရတော့ဘူး..ငါလဲ တော်တော်
စိတ်ပျက်လာပြီ...အလုပ်...အလုပ်...အလုပ်
သူ့ခေါင်းထဲမှာ အဲ့အလုပ်ပဲရှိတယ်..."

ဂျွန် စိတ်တိုတိုနှင့်လက်ထဲကဖုန်းကို ဒတ်ရှ်ဘုတ်ပေါ်
ပစ်တင်လိုက်ရင်းပြောသည်။
ရဲဇေ ကားမောင်းနေရင်း သက်ပြင်းချလိုက်သည်။

မမWhere stories live. Discover now