မမ-၇

616 56 6
                                    

ဂျွန် မမ အလုပ်ဆင်းမည့်အချိန်ကိုစောင့်နေသည်။

"ဟေး..ဂျွန်..."

ဆိုင်ကယ်ပေါ်မှာထိုင်နေရာမှ ဂျွန် လမ်းမဘက်ကို
ကြည့်လိုက်သည်။
ဟိန်းလင်းက ကားကိုလမ်းဘေးထိုးရပ်လိုက်ပြီး
ကားထဲကထွက်လာသည်။

"ငါနင့်ကိုလိုက်ရှာနေတာ ဖုန်းဆက်တော့လဲ မကိုင်
ဘူး"

"အေး..ဘာကိစ္စရှိလို့လဲ..."

"ဆိုင်တစ်ခုခုသွားရအောင်ဟာ...အေးအေးဆေး
ဆေး စကား​ပြောရအောင်..."

"နေဦး...ငါ မမကိုလာစောင့်နေတာ...
နင့်ကိစ္စက အရေးကြီးလား..."

"အရေးတော့မကြီးဘူး...နင့်ဆိုင်ကယ်ကိုကြိုက်တဲ့
သူရှိလို့ အဲ့ဒါ နင်ပြန်ရောင်းဖို့ စိတ်ဝင်စားမလားလို့"

"မြတ်ရင်တော့ ပြန်ရောင်းမှာပေါ့...ငါလဲ မန်းကီး
နဲ့ချိန်းချင်နေတာ...ဘီးကြီးတွေကို ငြီးငွေ့လာလို့.."

"ဟာ..အဲ့ဒါဆိုအတော်ပဲ...ဟိုကားထဲမှာ ဝယ်မယ့်
သူက ပါလာပြီးသား "

"ဟုတ်လား...အခုချက်ချင်းကြီးလား..."

"နင်စိတ်ဝင်စားတယ်ဆို ချက်ချင်းငွေချေပေးမှာ"

"အဲ့လိုဆိုတော့လဲ ငါ့ဆိုင်ကယ်ကို ရောင်းရမှာ
တောင် နှမျောသွားပြီ..."

"ဟာ..နင်ကလည်း..."

ဂျွန် ဟိန်းလင်းနှင့်စကားပြောနေရာမှ အနောက်ကို
ပြန်လှည့်ကြည့်လိုက်တော့ ရေကြည်က ရုံးဆင်း
လာပြီဖြစ်ပြီး သူ့ဆိုင်ကယ်က တစ်ခုခုဖြစ်နေပုံ
ပေါ်တာကြောင့်

"ခဏ ဟိန်းလင်း
ဒီနားက ကော်ဖီဆိုင်မှာဖြစ်ဖြစ် စောင့်ပေးလို့
ရမလား..."

"အေး...စောင့်မယ်လေ..."

"ငါလာခဲ့မယ်..."

"အေး...ငါ ဟိုဆိုင်ကစောင့်နေမယ်"

ဟိန်းလင်းက သူ့ကိုလက်ပြပြီးထွက်သွားသည်။
ဂျွန် ရေကြည့်ဆီကိုသွားလိုက်သည်။

"မမ...ဆိုင်ကယ်က ဘာဖြစ်တာလဲ "

"ဘီးပေါက်နေတာလားမသိဘူး လေကပြားနေ
တာပဲ "

"လေထိုးကြည့်မှသိရမှာပေါ့...ဖယ်...ဂျွန်
ပြင်ဆိုင်ပို့လိုက်မယ်..."

မမWhere stories live. Discover now