ဂျွန် မြန်မာပြည်ပြန်ရောက်ပြီး ခြောက်လလောက်
ကြာတော့ အလုပ်တွေလဲ ချိတ်ဆက်လာကြတာ
အများကြီးရှိနေပြီ။
ဂျိတ်ရဲ့သီချင်းတစ်ပုဒ်အတွက် သူတို့နှစ်ယောက်
ကို ရိုက်ကူးခွင့် ကမ်းလှမ်းထားတာကို ဂျွန်က
လက်ခံခဲ့သလို ရေကြည်ကလဲ လက်ခံခဲ့တယ်။
ရိုက်ကူးရေးကတော့မလုပ်ရသေးဘူး။MV ကို ဂျွန်က မန္တလေးမှာ ပြန်ရိုက်ချင်တယ်။
ရေကြည့်ကတော့ ဂျွန့်သဘောအတိုင်းပါပဲ။ဒီအတွက် ဂျွန်က အချိန်ယူချင်နေတာလဲ ပါတယ်။
သူတို့ရဲ့ နှစ်ပတ်လည်နေ့မှာ သီချင်းထုတ်ပေးဖို့
ဂျိတ်ကို တောင်းဆိုထားတယ်။ဂျိတ်ကလဲ လက်ခံတယ်။ဒီကြားထဲတော့ တခြား ကမ်းလှမ်းထားတဲ့ အလုပ်
လေးတွေ ဖဲ့ဖဲ့ပြီးလုပ်နေသည်။ဒီနေ့တော့ ညစာ အပြင်မှာထွက်စားကြဖို့ စိတ်ကူး
ပေါက်ပြီး တရုတ်တန်းဘက်ကို ထွက်လာခဲ့လိုက်
တယ်။သူတို့နှစ်ယောက် ညစာစားနေကြတုန်း သူတို့
စားပွဲဝိုင်းဆီကို လာပြီး နှုတ်ဆက်တဲ့ မိန်းကလေး
တစ်ယောက်ကြောင့် ရေကြည် အစာမကြေသလို
ခံစားလိုက်ရတယ်။ဂျွန့်ကိုလာနှုတ်ဆက်တဲ့သူက ယုယထင်ဖြစ်နေ
လို့လေ။သူတို့နှစ်ယောက်ကတော့ ပုံမှန်အတိုင်း စကား
ပြောနေကြတာပါပဲ။
ယုယထင်ရဲ့ဘေးမှာလည်း ကောင်လေးတစ်ယောက်
ပါလာသေးတယ်။
ယုယထင်က ဂျွန့်နဲ့ထိုကောင်လေးကို မိတ်ဆက်ပေး
နေတယ်။သူ့ရည်းစားတဲ့။
ဂျွန်ကလဲ ခေါင်းညိတ်ပြပြီး ရေကြည့်ဘက်ကို
လှည့်ကြည့်လိုက်တယ်။
ရေကြည်က နှုတ်ခမ်းကို တစ်ရှူးနဲ့သုတ်နေပြီး
ဂျွန့်ကို မျက်ခုံးပင့်ပြလိုက်တယ်။"ငါ့ချစ်သူ..."
ဂျွန့်ရဲ့မိတ်ဆက်ပေးမှုက ယုယထင်အတွက်
အံ့သြစရာဖြစ်သွားဟန်တော့မပေါ်ဘူး။
ထင်သားပဲဆိုတဲ့ပုံနဲ့ ရေကြည့်ကိုကြည့်လိုက်တာ
ခံစားမိတယ်။
ခဏကြာအောင် စကားပြောပြီးတော့ သွားဦးမယ်
လို့ နှုတ်ဆက်ပြီး ထွက်သွားတော့တယ်။"မင်းနဲ့သူ အဆက်အသွယ်မရှိခဲ့ဘူးလား"
"အဆက်သွယ်မလုပ်ဖြစ်တာ ကြာပြီလေ
ဟိုကိုမသွားခင်ကတည်းက"
YOU ARE READING
မမ
Romance"ရည်းစား မထားတုန်းကလဲ မထားလို့ ထားမယ်ဆိုတော့လဲ မထားခိုင်းပြန်ဘူး မင်း ဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျွန်.." "အဲ့ဒါက အရင်က အခုက မမကို နှမြောလို့ ဘယ်သူ့မှ မပေးချင်တော့ဘူး"