ဂျွန် အပြေးစက်ပေါ်က ဆင်းလိုက်ပြီး ကြမ်းပြင်
ပေါ်ပက်လက်လှန်ချကာ ခြေကားယားလက်ကား
ယားနှင့် အမောဖြေနေလိုက်သည်။
ရေကြည် အပြေးစက်ကို အရှိန်လျှော့လိုက်ပြီး
ဂျွန့်ကိုလှည့်ကြည့်ကာ ရယ်သည်။"မင်း ဒီလောက်လေးတောင် ကြံ့ခိုင်မှုမရှိရင်
အလုပ်ပင်ပမ်းတဲ့ဒဏ် ဘယ်လိုခံနိုင်မလဲ ဂျွန်ဂျွန်"ရေကြည် ဂျွန့်ကို လက်ကမ်းပေးလိုက်ပြီး ပြောသည်။
ဂျွန် ရေကြည့်လက်ကို လှမ်းဆွဲ၍ လှဲနေရာမှ ထိုင်
လိုက်သည်။"နာရီဝက်လောက် လမ်းလျှောက်လိုက်ရတာကို
ဖြစ်ပျက်နေတာ...ပြေးရတာတောင်မဟုတ်သေး
ဘူး..."Energy drink အချိုရည်ဗူးကို ဖောက်ပေးပြီး
ရေကြည်ပြောလိုက်သည်။
ဂျွန် အချိုရည်တစ်ငုံမော့သောက်ကာ ရေကြည့်
ကို မော့ကြည့်လိုက်ပြီး"လမ်းမလျှောက်ဖြစ်တာ ကြာသွားလို့ပါနော်"
"တစ်ပတ်မှာ နှစ်ရက်လောက်တော့ Gym ဆော့
သင့်တယ် ...ဒါမှမဟုတ် ယောဂကျင့်မလား""တော်ပါပြီ..."
"ကြည့်...ကျန်းမာရေးအတွက် ပြောနေတာကို"
"မောရမယ့်အတူတူ...တခြား အကျိုးရှိတာလေး
လုပ်ရင်မကောင်းဘူးလား"ဂျွန် မက်တပ်ရပ်လိုက်ပြီး ရေကြည့်နားကပ်၍
မျက်စိတစ်ဖက်မှိတ်ပြကာ မေးလိုက်တော့
ရေကြည်က ပုခုံးပေါ်တင်ထားသည့် သဘက်နှင့်
ဂျွန့်မျက်နှာကို ပစ်ပေါက်လာပြီး"ဒါပဲတွေးနေ..."
ရှေ့ကထွက်သွားတဲ့ ရေကြည့်နောက်ကို ကပ်လိုက်
သွားပြီး"အချိန်တိုင်း ချစ်ချစ်ခင်ခင်လေးနေမှပေါ့ မမကလဲ"
"မင်းချစ်တာကလဲ တစ်မျိုးလေးနော်"
"ရေအတူချိုးရအောင်..."
"မချိုးပါဘူး..."
"ရေကူးရင်ကောင်းမလား"
"သွားကူးပေါ့"
"မမ မလိုက်ဘူးလား"
"မလိုက်ပါဘူး ...ရေသွားချိုးတော့မယ်"
"မလိုက်နေပေါ့...လွတ်လွတ်လပ်လပ် ပိုလို့တောင်
ကောင်းသေးတယ်"
YOU ARE READING
မမ
Romance"ရည်းစား မထားတုန်းကလဲ မထားလို့ ထားမယ်ဆိုတော့လဲ မထားခိုင်းပြန်ဘူး မင်း ဘာဖြစ်ချင်နေတာလဲ ဂျွန်ဂျွန်.." "အဲ့ဒါက အရင်က အခုက မမကို နှမြောလို့ ဘယ်သူ့မှ မပေးချင်တော့ဘူး"