EP2

240 5 0
                                    

Zawgyi//

Phuwinနဲ့ Pondတို့ရဲ့ ဆက်ဆံရေးဟာ အရင်ကထက် ပိုပြီး ပျော်ဖို့ကောင်းလာခဲ့သည်။ အခုဆိုရင် Pondက Phuwinကို အိမ်မှာခေါ်ထားသည်။ ဘယ်နေရာမှလဲ ပေးမသွားတော့သည်။ Phuwinလေးကို သူအရမ်း ဂရုစိုက်မိနေသည်။ ဘယ်အရာပဲ လုပ်လုပ် တစ်ခုခုဖြစ်မှာကို သူအရမ်းစိတ်ပူမိသည်။

မိုးဟာ အဆက်မပျက်ရွာသွန်းနေသည်။ အရင်ထဲက အေးပါတယ်ဆိုမှာ အခုက ပိုတောင်အေးသေးသည်။ Phuwinက အခန်းထဲကို ကုပ်ကုပ်လေး ဝင်လာကာ ကုတင်ပေါ်တွင် စောင်လေးခြုံပြီ ကွေးကွေးလေး လှဲနေသည်။ ထို့အချိန် Pondက ရေချိုးခန်းထဲက ထွက်လာပြီ ကုတင်ပေါ်တွင် ကွေးကွေးလေး လှဲနေတဲ့ Phuwinအနားသွားကာ တိုးတိုးလေးမေးလိုက်သည်။

Pond-
ဘာဖြစ်နေတာလဲ။

Phuwinလေး စောင်ထဲကနေ ခေါင်းလေးထွက်လာကာ Pondအား ခေါင်းလေးခါပြသည်။ သို့ပေမဲ့ Pondကတော့ ဆက်ပြီမေးနေခဲ့သည်။

Pond-
သေချာလို့လာ။

Phuwin-
အင်း ဘာမှမဖြစ်ပါဘူး။အာ့.......

ခြိမ်း!!!!
(မိုးခြိမ်းသံ)

မိုးခြိမ်းသံကြောင့် Phuwinလေး Pondအား ဖက်လိုက်သည်။ မျက်လုံးလေးတွေကို အသေးမှိတ်ထားကာ ဘာစကားမှလည်း မပြောပဲနေနေသည်။ Pondကတော့ ဘာမှမပြောပဲ ဖက်ပေးထားသည်။ ဒီကောင်လေးက မိုးခြိမ်းသံကို ကြောက်လို့ ငြိမ်နေတာပဲ။

Pond-
အဆင်ပြေ......လာ...

Phuwinလေးရဲ့ လန့်နေပုံက တကယ်ကို ချစ်ဖို့ကောင်းသည်။ ကြောက်သွားတာမို့ နှုတ်ခမ်းလေးတွေက တုန်နေသည်။ Pondရဲ့ မျက်လုံးတွေက Phuwinလေးစီကနေ မခွာနိုင်ဖြစ်သည်။

Phuwin-
အင်း ပြေပါတယ်။

Pond-
အင်း။ ရေသောက်လိုက်အုံး။

Pondကမ်းပေးလာတဲ့ ရေခွက်လေးအား လက်နှစ်ဖက်နဲ့ ယူကာ သောက်လိုက်သည်။ ထို့နောက် Pondက Phuwin နဲ့ မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။ Phuwinက Pondအား စိုက်ကြည့်နေသည်။ Pondလည်း ထို့အတိုင်းကြည့်နေသည်။ထို့နောက် Pondတစ်ယောက် တိတ်ဆိတ်မှုကို အရင်ဖြိုခွင်လိုက်သည်။

Pond-
Phuwin....မင်းကို ကိုယ့်အနားမှာ တသက်လုံးခေါ်ထားခြင်းတယ်။ မင်းကို ကိုယ့်ချစ်တဲ့အကြောင်းတွေပြောရင် မင်းလက်ခံမလာ။ ကိုယ့် ချစ်တယ်။

Secret of Love(complete)Where stories live. Discover now