Zawgyi//
Pondတစ်ယောက် အိမ်ပြန်ရောက်တာတောင် Phuwinနဲ့ Phuတို့အကြောင်းစဉ်းစားနေခဲ့သည်။ ဒီနေ့လည်း သနားဖို့ကောင်းပြီ ပြိုလဲမတက်ခံစားနေတဲ့ Phuwinရဲ့ မျက်နှာနဲ့ ခံစားချက်တွေကို သူမြင်ရတာ အရမ်းသနားဖို့ကောင်းသည်။ ဘာကြောင့်မှန်းမသိ။ သူလည်း ထို့ကလေးပျောက်သွားတော့ အရမ်းကို ဝမ်းနည်းတဲ့စိတ်နဲ့ အရာတစ်ခုကို ဆုံးရှုံးလိုက်ရသော ခံစားလာရသည်။
Pond-
ငါ ဒီခံစားချက်ကို ဘယ်တော့မှသိရမှာလဲ။ ငါနဲ့ Phuဆိုတဲ့ကလေးနဲ့က ဘာပျက်သက်မှုလဲ။ အရာအားလုံးကို ငါကမေးခွန်းတွေပဲ ထုတ်နေရတာလဲ။တစ်ဖြည်းဖြည်း တွေးရင်တွေးရင် စိတ်ရှုပ်လာတာမို့ ဒေါသတွေပါ ထွက်လာခဲ့သည်။
ရေစိုနေသော ဗိုက်သားတွင် ရေစက်များဟာ တစ်စက်ချင်းစီကို စီးကျနေသည်။ ခပ်စိုစိုလေးဖြစ်နေသော ဆံနွယ်နေအား သဘက်နဲ့ ခပ်ဖွဖွလေး သုတ်နေသည်။ထို့နောက် သဘက်အား ပခုံးပေါ်တင်ကာ အင်္ကျီဝတ်ဖို့ အဝတ်ခန်းထဲအား လျှောက်လာခဲ့သည်။ ထို့နောက် အင်္ကျီပေါ့ပေါ့ပါးပါးအား ရွေးချယ်၍ ဝတ်ဆင်လိုက်ကာ အခန်းထဲမှ ထွက်လာခဲ့သည်။ လုပ်စရာရှိသော အလုပ်များကို လုပ်နေလိုက်တော့သည်။
>>>
Phuwin တစ်ယောက် ပြန်ရောက်တာနဲ့ ပစ္စည်းတွေကို အသေအချာနေရာ ချကာ Phuလေးအား ရေချိုးပေးနေသည်။ Phuလေးအား သေသေချာချာ ရေချိုးပေးပြီ အင်္ကျီနွေးနွေးလေ ဝတ်ပေးထားလိုက်သည်။ Phuလေးက သူပါးပါးအား အင်္ကျီဝတ်ပေးနေရင် မေးခွန်းတွေမေးနေတော့သည်။
Phu-
ပါးပါး ဟိုဉီးဉီးနဲ့က ခင်တာလာဟင်။Phuwin-
သားသားက ဘယ်လို့ထင်လို့လဲ ဟင်။Phuwin အား မေးလာသော မေးခွန်းကို Phuwin မဖြေခြင်းပေမဲ့ အဲ့လို့ လုပ်လိုက်ရင် သားသားလေး စိတ်မကောင်းဖြစ်မှာ ဆိုလို့ ထို့သို့သာ ပြန်ပြောလိုက်သည်။
Phu-
ခင်တယ်လို့ သားသား ထင်တယ်။အဲ့ဉီးဉီးကလည်း ပါးပါးကို တစ်ခုခုပြောခြင်းသလို့ပုံနဲ့Phuwin-
အခုမှ အသက်က ဘယ်လောက်မှမရှိသေးဘူး။ အရမ်းတွေ စကားတက်နေတယ်ပေါ့။
YOU ARE READING
Secret of Love(complete)
Fanfictionအမေ ဖြစ်သူရဲ့ မာန နဲ့ သားအတွက်အကောင်းဆုံးလုပ်ပေးခြင်းတဲ့ စိတ်က သားဖြစ်သူကို ပိုနာကျင်စေခဲ့တယ်။ . . ချစ်သူကိုလည်းချစ်တယ် အမေကိုလည်း ချစ်တယ်။ သို့ပေမဲ့ ကိုယ့်ချစ်ရတဲ့ ချစ်သူလေးက အကြောင်းမရှိ အနားကထွက်သွားခဲ့တယ်။ . . ချစ်ရသူက သစ္စာဖောက်တယ်လို့ သွေးထိုး...