EP7

540 58 9
                                    

Unicode//

မနက်မိုးလင်းပြီဆိုတာနဲ့ Phuလေးတစ်ယောက် ပါးပါးရှိကို မရင်ဆုံးရောက်လာကာ စတင်နိုးတော့သည်။

Phu-
ပါးပါး ထတော့!!။

Phuwinတစ်ယောက် အလုပ်ပိတ်ရက်ဖြစ်တာကြောင့် အိပ်နေတာဖြစ်သည်။

Phu-
ပါးပါး ပါးပါး ။

Phuလေး သူပါးပါးအား နိုးသော်လည်း တစ်ချက်မှမလှုပ်။ထို့ကြောင့် သူနိုးဖို့ တစ်ခုခုကိုစဉ်းစားနေသည်။ ခနအကြာမှ သူပါးပါးကိုနိုးဖို့ စတင်တော့သည်။

Phu-
ပါးပါးရေ အိမ်ကို ညကတွေတဲ့ ဉီးဉီးရောက်နေတယ်!!!!!!!

Phuwin-
ဟမ်။ သားPhuဘာပြောတယ်။

Phuလေးတစ်ယောက် အော်ကာပါးပါးအား လှုပ်နိုးတော့ Phuwinက ထထိုင်သည်။ သူထထိုင်ခြင်းက 'ဉီးဉီးရောက်နေတယ်' ဆိုတာကြာင့်လန့်ကာ ထထိုင်လိုက်သည်။

Phu-
ပါးပါး နိုးပြီမလာ။ ပါးပါးက ဒီတိုင်းနိုးတော့မထဘူး။ ဉီးဉီးဆိုတော့ ထလာတယ်!!

Phuwin-
သားသား ပါးပါးကိုစတယ်ပေါ့၊

Phu-
သားသား သာအဲ့လို့မပြောရင် ပါးပါးကရော ထမှလာ။

Phuလေးတစ်ယောက် လက်ပိုက်ကာ နှုတ်ခမ်းစူးကာ ပြောတော့သည်။

Phuwin-
သားသား ပါးပါးက ဒီနေ့တစ်ရက်ပဲနားရတာလေ။အဲ့တာကြောင့် အိပ်နေတာပါ။

Phu-
ပါးပါး ဒီနေ့ တီတီNonမရှိဘူးလေ။ ဗိုက်ဆာတယ်။ ရေခဲသတ္တာထဲမှာက ကြက်အူချောင်းတို့ ပဲရှိတယ်။

Phuwin-
ဗိုက်ဆာပြီလာ။ ပါးပါး တောင်းပန်ပါတယ်နော်။ ဒီလို့လုပ် သားသား မနက်စာကို ပေါင်မုန့်ယိုသုတ်လုပ်ပေးမယ်နော်။ ပြီရင် ပါးပါးနဲ့ စျေးဝယ်ထွက်မယ်။

Phu-
ပြီရော။

Phuwin-
ဟုတ်ကဲ့ပါ။

Phuwinလေးတစ်ယောက် Phuလေးရဲ့ ပခုံးပေါ်ကို လက်အုပ်လေးက ချီကာတင်ပြီပြောလိုက်သည်။ ထို့နောက်Phuလေးက ထွက်သွားသည်။ Phuwinလေးက အိပ်ရာပေါ်တွင်ရယ်ကာ ကျန်ခဲ့တော့သည်။

>>>

Pondတစ်ယောက် အလုပ်ကိစ္စကြောင့် ကုမ္ပဏီကို ထွက်လာခဲ့သည်။ အမေ နေမကောင်းထဲက ကုမ္ပဏီကို မရောက်ဖြစ်သည်။ မန်နေဂျာကို လွှတ်၍ စာရွက်စာတမ်းတွေယူခိုင်းပြီ ဆေးရုံးမှသာ အလုပ်လုပ်သည်။

Secret of Love(complete)Where stories live. Discover now