EP10

700 65 6
                                    

Unicode//

Phuwin တစ်ယောက် အလုပ်တွေကို နားချိန်မရှိ တစ်မနက်လုံး လုပ်နေရသည်။ Phuလေးကလည်း
ဒီနေ့ ကျောင်း မသွားတာကြောင့် ဆေးရုံးရောက်နေတော့သည်။ Phuwinလေးကိုလည်း အဖော်မပြုပေးနိုင်ခဲ့။ အခန်းထဲမှာ ပုံဆွဲရင်သာ Phuလေးနေနေခဲ့သည်။

Phuwinအလုပ်ရှုပ်နေတာကို Pondတွေ့သည်။ ထို့ကြောင့်
မနှောက်ယှက်တော့ပဲ နေခဲ့သည်။ သို့ပေမဲ့ အခန်းထဲမှာ Phuလေးတစ်ယောက်ထဲဆိုတာကြောင့် သူ Phuလေးဆီကို ထွက်လာခဲ့သည်။

Pond-
သားသား ဉီးဉီး ဝင်လာခဲ့မယ်နော်။

Pondတစ်ယောက် တံခါးလေးအား ခေါက်ရင်ပြောလိုက်သည်။ ထို့နောက် Phuလေးက ကိုယ့်တိုင်လာပြီ တံခါးဖွင့်ပေးသည်။

Phu-
ဉီးဉီးလာ သားသားတစ်ယောက်ထဲ ပျင်းနေတာ...

Pond-
ဟုတ်ပါပြီဗျာ့။ သားသား ဘာတွေလုပ်နေတာတုန်း။

Phu-
ပုံဆွဲနေတာဉီးဉီး။

Pondရဲ့ လက်လေးအားဆွဲကာ သူပုံဆွဲနေသော နေရာလေးကို ခေါ်လာခဲ့သည်။ Pondလည်း Phuလေးရဲ့ဘေးကို ထိုင်လိုက်သည်။ ထို့နောက်Phuဆွဲနေတဲ့ပုံလေးကိုကြည့်လိုက်တော့ ယောကျ်ားလေး နှစ်ယောက်ရဲ့အလယ်မှာ ကလေးလေ တစ်ယောက်က နှစ်ယောက်လုံးရဲ့လက်ကို ကိုင်ဆွဲထားသည်။

Pond-
ဒါက ဘယ်သူပုံလဲ။ သားသား

Pondက ပုံလေးကို လက်ညှိုးထိုးပြကာ မေးလိုက်သည်။

Phu-
အဲ့တာ ပါးပါးရယ် သားသားရယ် ပြီတော့ သားသား မမြင်ဖူးတဲ့ ဒယ်ဒီရယ်။

Pondတစ်ယောက် ထို့ပုံကို စိုက်ကြည့်နေမိသည်။ ဘာလို့ မမြင်ဖူးတဲ့ ဒယ်ဒီလဲ။ ဒါဆို သားသားကို Phuwin....Phuwin က မွေးထားတာလာ။ မဖြစ်နိုင်တာ။ လုံးဝမဖြစ်နိုင်ဘူး။

(ဒါဟာ စိတ်ကူးရင်Ficလေးတစ်ခုပါ။ အပြင်လောကနဲ့မဆိုင်ပါဘူးနော်...)

Pondရဲ့ စိတ်ထဲမှာ မရေရာသော အရာတွေက တစ်ခုပြီး တစ်ခုကို ပေါ်လာခဲ့သည်။ အဖြေတစ်ခုကို သူသိရမယ်။

Pond-
သားသား ဉီးဉီး အပြင်ခနသွားအုံးမယ်နော်။ ကိစ္စလေးတစ်ခု ပေါ်လာလို့။

Phu-
ဟုတ် ဉီးဉီး မြန်မြန်ပြန်လာနော်.....

Pond-
ဟုတ်ကဲ့ပါဗျာ့။ ဒီမှာပဲနေနော်..

Secret of Love(complete)Where stories live. Discover now