EP5

548 53 9
                                    

Unicode//

Pondတစ်ယောက် ကြောင်သွားသည်။ ဘာလို့ ဒီကလေးရဲ့ နာမည်အရှေ့မှာ သူနာမည်ဖြစ်နေရတာလဲ??။

Phu-
ပါးပါး ပေးထားတာက နာမည် 3ခုတောင်နော်။ ဉီးဉီးမှာက တစ်ခုပဲ။

Pond-
သားသား ဉီးဉီးကိုပြောတာ 2ခုထဲလေ။

Pondမယုံတာကြောင် ထပ်မေးမယ်လုပ်တော့ ထို့ကလေးက 3ခုတောင်ရှိတာဆိုတော့ သူနောက်တစ်ခုကို ထပ်ပြီးမေးလိုက်သည်။

Phu-
Phutang Naravit (ဖူးတန် နာရာဗစ်) ။ သားသား 1နှစ်အရွယ်တုန်းက ပါးပါးက နာမည်ကတ်ပြားလေးတွေ လုပ်ပေးပြီ သားသားကိုရွေးခိုင်းတာတဲ့။ အဲ့တာ သားသားက ဒီနာမည်ကို ရွေးလိုက်တာ။

Pond-
သားသားရဲ့ မေမေရော။

Pond သိခြင်းလာမိပြီ။ ဒီကလေးက သူရဲ့အဖေ မျိုးရိုးနာမည်မသုံးထားပဲ။ သူနာမည်ကိုသုံးထားတယ်။ ပြီတော့ သူရဲ့ စိတ်ထဲမှာ ဒီကလေးက ဘာလို့ သူနဲ့ ရင်းနှီးနေသလို့ခံစားနေရတာလဲ။ ဒီကလေးရဲ့ မျက်လုံးတွေ နှုတ်ခမ်းနေတာ Phuwinနဲ့ တူပြီ နှာတံတွေ အပြုံးတွေက သူနဲ့တူနေသည်။

Phu-
သားမှ မေမေမရှိဘူး။ သားသားကို ပါးပါးက မွေးတာ။

Pond-
ဟမ်!!

Phuwin-
သားPhu!!!ဒီမှာဘာလုပ်နေတာလဲ။ တစိမ်းနဲ့ စကားမပြောရဘူးလို့ မှာထားတယ်လေ။

Phuwinတစ်ယောက် သူစီကို သားလေး မရောက်လာသေးလို့ အပြင်ကို ထွက်ကြည့်ရင် Pondနဲ့ Phuလေး စကားပြောနေတာကိုတွေ့လိုက်သည်။

Phuလေး သူရဲ့ပါးပါးခေါ်လိုက်တာကြောင့် လှမ်းကြည့်လိုက်တော့ ဒေါသထွက်နေသည့် ပုံစံဖြစ်နေသည်။ Pondကလေး ထို့ကလေးလေ စကားကို မယုံနိုင်ဖြစ်နေသည်။ သို့ပေမဲ့ ဘာကြောင့် Phuwinက ထို့ကလေးလေကို အသံနက်ကြီးနဲ့ အော်လိုက်တာလဲ။Phuလေးကတော့ သူပါးပါး ဒေါသထွက်တာမြင်တော့ ကြောက်ပြီ မျက်ရည်တွေဝဲနေသည်။

Pond-
ကလေးကို ဘာလို့ အသံနက်ကြီးနဲ့အော်လိုပ်တာလဲ။ အခုမှ ငယ်ငယ်လေးပဲရှိသေးတာကို။

Phuwin-
Phutang သွားမယ်။!!!အခုချက်ချင်းလာခဲ့။!!!

Phuလေးတစ်ယောက် ဒေါသထွက်နေတဲ့ Phuwinအနားကို ပြေးသွားလိုက်သည်။

Secret of Love(complete)Where stories live. Discover now