Unicode//
Phuwinတစ်ယောက် အလုပ်ပြီတာနဲ့ အိမ်ကိုပြန်လာချိန်ဟာ အတော်ကို မှောင်နေပြီဖြစ်သည်။Phuလေးတော့ အိပ်နေသည်။ အိမ်ပြန်ရောက်တာနဲ့ Phuလေးအား အင်္ကျီလည်းပေးပြီ Phuwinလည်း အိပ်ပျော်သွားသည်။ မနက်ရောက်တော့ Nonက နှစ်ယောက်လုံးကို လာနိုးသည်။
Non-
ကဲ...နှစ်ယောက်လုံးထတော့ မနက်ရောက်နေပြီ။ Phuwin ထတော့၊Phuwin-
အင်း...သားသား ထတော့ကျောင်းသွားရမယ်။Phu-
အင်း..Phuလေး အိပ်ခြင်းမူတူလေးနဲ့ ထထိုင်လိုက်သည်။ သို့ပေမဲ့ မျက်လုံးလေးက ပိတ်ထားလျက်သာ။ Nonက Phuလေးကို ချီပြီ ရေချိုးခန်းထဲကို ဝင်သွားသည်။ Phuwinကတော့ ဘေးမှရှိတဲ့ ဖုန်းကိုယူပြီ ဖွင့်ကြည့်လိုက်သည်။ လိုင်းပေါ်မှာ တက်နေတဲ့ သတင်းတွေက Top1 Naravit ကုမ္ပဏီရဲ့ ဉက္ကဌဆေးရုံးတင်ထားတယ်ဆိုတဲ့ သတင်းတွေပင်။
ဘာမြန်းထူးဆန်းနေလို့လဲ။ လူတစ်ယောက် ဆေးရုံးတက်ကတာလေကို အရေးတကြီး သတင်းစာတွေ လိုင်းပေါ်မှာတွေ ဖြန့်နေတာ။
Non-
Phuwin နင်ရေချိုးလို့ရပြီ။ ငါသားသားကို အဝတ်လည်ပေးလိုက်အုံးမယ်။Phuwin-
အင်း။ Non နင်ဘယ်တော့ နိုင်ငံခြားကို ပြန်ရမှာလဲ။Non-
မသိသေးဘူး။ မြန်မြန်ချိုး ဖျားလိမ့်မယ်။Phuwin-
အေးပါ။ထို့နောက်Phuwinလည်း ရေချိုးဖို့ ရေချိုးခန်းထဲကို ဝင်လာလိုက်သည်။ Nonကတော့ သားPhuလေးအား အဝတ်အစား ဝတ်ပေးဖို့ Phuလေးအခန်းကို ချီပြီးခေါ်လာသည်။ ထို့အချိန် သားPhuလေးက Nonအား မေးခွန်းတွေမေးတော့သည်။
Phu-
တီတီNon...Phuကို ဘယ်သူမွေးတာလဲဟင်...Non-
သားPhuကို သားချစ်ရတဲ့ ပါးပါးက မွေးတာလေ။Phu-
အဲ့တာဆို ယောကျ်ားလေးက မွေးတာပေါ့....Non-
ဟုတ်တယ်။ ဘာလဲ သားသားက....Phu-
Phuမေးတာ နားထောင်ပါအုံး။ အဲ့တာဆို Phuရဲ့ အဖေကရော ပါးပါးက သားသားကိုမွေးတာဆိုတော့ ဖေဖေကရော...Non-
အဲ့တာကိုတော့ တီတီမပြောပြဘူး။ သားသား အင်္ကျီဝတ်ပြီတာနဲ့ မနက်စာစားပြီ ကျောင်းသွးရမှာနော်...လာမြန်မြန်ပြင်ကြမယ်။
YOU ARE READING
Secret of Love(complete)
Fanfictionအမေ ဖြစ်သူရဲ့ မာန နဲ့ သားအတွက်အကောင်းဆုံးလုပ်ပေးခြင်းတဲ့ စိတ်က သားဖြစ်သူကို ပိုနာကျင်စေခဲ့တယ်။ . . ချစ်သူကိုလည်းချစ်တယ် အမေကိုလည်း ချစ်တယ်။ သို့ပေမဲ့ ကိုယ့်ချစ်ရတဲ့ ချစ်သူလေးက အကြောင်းမရှိ အနားကထွက်သွားခဲ့တယ်။ . . ချစ်ရသူက သစ္စာဖောက်တယ်လို့ သွေးထိုး...