EP3

480 49 6
                                    

Unicode//

Now Time...

Phuwinတစ်ယောက် အတိတ်တွေကိုပြန်တွေးရင် မျက်ရည်များကျလာခဲ့သည်။ ထို့နောက် အတွေးတွေကို အဝေးသို့ပို့ကာ လက်တွင်ပတ်ထားသော နာရီကိုကြည့်လိုက်သည်။ သူရဲ့ အလုပ်ဝင်ချိန်ကို ရောက်နေပြီမို့ အောက်ထပ်ကို ဆင်းလာလိုက်သည်။ သူအလုပ်ခန်းကို ဝင်ချိန် Nurse.Rudyက ဘေးကိုရောက်လာခဲ့သည်။ လက်ထဲတွင််လည်း စာရွက်စာတမ်း တစ်ချို့ကို ကိုင်ထားကာ Phuwinရဲ့ အနားသို့ ရောက်လာသည်။

Nurse.Rudy-
Dr.Phuwinရှင် Dr.Dunkက ဆွေးနွေးစရာလေးရှိလို့ ရုံးခန်းလာခဲ့ပါအုံးတဲ့။

Phuwin-
ဘာဖြစ်လို့လဲ။

Nurse.Rudy-
Dr.လူနာ ကိစ္စဆွေးနွေးမို့ထင်တယ်။

Phuwin-
အင်း..လုပ်စရာရှိတာ သွားလုပ်တော့။ ကလေးတစ်ချို့ကို သွားစစ်ပေးထားပါ။

Nurse.Rudy-
ဟုတ်ကဲ့ပါ Dr.

ထို့နောက် Phuwinလည်း Dunkရဲ့ အခန်းကို လျှောက်လာလိုက်သည်။ အခန်းရှေ့ရောက်သည်နှင့် တံခါးခေါက်ကာ အခန်းထဲသို့ဝင်သွားလိုက်သည်။ Dunkက ခုံတွင် ထိုင်ကာ လူနာစရင်းကို စစ်နေသည်။ Phuwinက သူနဲ့ ဘေးတွင်ဝင်ထိုင်လိုက်သည်။

Phuwin-
မင်း ဘာကိစ္စရှိလို့ ခေါ်တာလဲ။

Dunk-
Phuwinငါအကူညီတောင်းစရာရှိတယ်။

Phuwin-
ဘာလဲ!!!

Dunk-
ဒီ ဂျူဒီကိုလေ အစားဝင်ပေးပါလာ။

Phuwin-
ဘာ..!! ငါက မင်းအလုပ်ကို အစားဝင်ပေးရမယ်။ မလုပ်ဘူး။ မင်းက အထူးပြုဆရာဝန်ငါက ကလေးဆရာဝန်...မတူဘူးလေ။

Dunk-
အပိုမပြောနဲ့ မင်းအရင်တုန်းက လေ့လာခဲ့တာ အထူးပြုဆရာဝန်ဖြစ်ဖို့လေ။ မင်း သားPhuလေးကို မွေးပြီမှာ ကလေးဆရာဝန်ဘက်ကိုပြောင်းလိုက်တာလေ။ ကူညီပါကွာ။

Phuwin-
ငါက ဘာလို့ကူညီရမှာလဲ။

Dunk-
ညကြရင် Joon နဲ့ ချိန်းထားလို့ပါ။ ငါတို့တွေ ဒီနောက်ပိုင်း ညစာလည်းအပြင်မှာ တစ်ခါမှ မစားရသေးဘူး။ အဲ့တာကြောင့်ပါ။

Phuwin-
ပြီရောဟာ...ငါဂျူဒီကြရင် မင်းဝင်ရမယ်။

Dunk-
အဲ့လို့ လုပ်လို့မရဘူးလေ။ ငါတစ်ရက်အားရင် သားPhuကို ကူထိန်းပေးမယ်။

Secret of Love(complete)Where stories live. Discover now