EP12

501 66 4
                                    

Unicode//

အချိန်အတော်အကြာ ကစားပြီနောက် ထမင်းစားချိန်ရောက်လာခဲ့သည်။ Phuwin တစ်ယောက်ရဲ့ ဟင်းချက်လက်ရာလေးကို ဒယ်ဒီရော သားရောပါ အရမ်းတွေစားခြင်းနေကြပြီဖြစ်သည်။ ထမင်းစားခန်းထဲအား Pondတစ်ယောက် Phuလေးကို ချီပြီး ဝင်လာခဲ့သည်။ စားပွဲပေါ်တွင် ဟင်းသုံးပန်ကန်လောက်ရှိပြီ ထမင်းပန်ကန်များကို အသေအချာလေး ချထားသည်။

ဘယ်လောက်စားကောင်းမလဲဆိုတာ အနံနဲ့တွင် သိနေပြီ။ ထို့အနံနဲ့တင် စားခြင်းစိတ်တွေကို ဖြစ်ပေါ်စေသည်။

Pond-
အားးးးးးမွှေးနေတာ။ ဗိုက်တွေတောင် ဆာလာပြီ။

Phu-
ဟုတ်တယ်။ ဒယ်ဒီ မွှေးနေတာပဲနော်။ ပါးပါး အရမ်းတော်တယ်။

Phuwin-
ချီးမွမ်းခန်းတွေဖွင့်နေတာ ရပ်ပြီ ထမက်းစားမယ်။

Pond,Phu-
ဟုတ်ကဲ့ပါ။

ယဉ်ကျေးစွာပြောပြီ ခုံတွင် ဝင်ထိုင်ကြသော သားအဖနှစ်ယောက်။ အကျင့်တွေကလည်း အတော်တူကြသည်။

ထမင်းများအား အားရပါးရတွေ စားနေကြသည်။ အချိန်တစ်ခုကြာပြီနောက်တွင် သားအဖနှစ်ယောက်လုံး ဗိုက်ပြည့်ကာ ဆိုဖာပေါ်တွင် အိပ်ပျော်သွားကြသည်။ Pondရဲ့ ပေါင်ပေါ်တွင် Phuလေးက ခေါင်းလေး တင်၍ အိပ်နေခဲ့သည်။ Phuwin လေးကတော့ ပန်ကန်တွေ ဆေးပြီ ဆိုဖာတွင် အမောဖြေဖို့ ထိုင်ချလိုက်သည်။ မကြာပါဘူး။ တံခါးကို လူတစ်ယောက်က လာခေါက်တော့သည်။ ထို့ကြောင့် ပြန်ထ၍ တံခါစရှိရာကို လျှောက်လာခဲ့သည်။

Phuwin-
Dunk ဘာလဲ။ Joongလည်းပါလာတာပဲ။

Dunk-
မင်းကလည်းဟာ ငါက ဒီတိုင်လာလည်တာပါဟ။

Joong-
Phuလေးနဲ့လည်း မတွေ့တာကြာပြီလေ။

Phuwin-
အထဲမှာ အိပ်နေတယ်။ ဝင်လာခဲ့လေ။

ထို့ကြောင့် Phuwin ရဲ့အနောက်ကနေ Dunkရော Joongရောပါ ဝင်လာခဲ့သည်။

Dunk-
အိုက်Pondက ဘာလို့ဒီရောက်နေတာလဲ Phuwin!!!!

ဆိုဖာပေါ်တွင်လှဲ၍ အိပ်နေတဲ့ သူနှစ်ယောက်ကို မြင်ကာ မျက်လုံးပြူးပြူးနဲ့ မေးလာသော Dunkတစ်ယောက်။ ဘာမှမဖြစ်သလို ရုပ်နဲ့နေနေသော Phuwin တစ်ယောက်။

Secret of Love(complete)Where stories live. Discover now